ကံ့ကော်(mesua ferrea)part-9

1.5K 94 0
                                    

အပျော်တွေက ကြာကြာမခံဘူးထင်ပါရဲ့။ နှစ်ဝက်စာမေးပွဲဖြေခါနီး တပတ်နှစ်ပတ်လောက်အလိုတွင် မိကျော်နှင့် သူ့ကောင်လေးကိစ္စကြောင့် ရှိုင်းတို့ အတနိးပိုင်ဆရာမထံတွင် စစ်မေးခံရသည်။ ရှိုင်းမှာ အိမ်နှင့် ကျောင်းဝေးသောကြောင့် ဖုန်းယူသွားလေ့ရှိကာ အတန်းပိုင် ဆရာမထံတွင် အပ်ထားလေ့ရှိသည်။ အတန်းပိုင်ဆရာမမှ မိကျော်နှင့် teleထဲတွင် စကားပြောထားသည်များပြရန် ဖုန်းဖွင့်ခိုင်းသည်။ ရှိုင်းနှင့် တီချယ်က စကားပြောပြီးလျှင် စကားပြောထားသည်များကို ပြန်ပြန်ဖျက်လေ့ရှိသည်။ အတန်းပိုင်ဆရာမမှ မိကျော်နှင့် Gpထဲတွင် ပြောထားသည်များပြရန် ပြောသဖြင့် ဖွင့်ပြလိုက်ရာ တီချယ်နှင့် စကားပြောထားသည်များကို ရှိုင်းGpထဲတွင် ကြွားထားသည်များကို မဖျက်မိသောကြောင့် မိသွားလေသည်။ သို့သော် တီချယ်ဆိုတာ အတန်းပိုင်ဆရာမမှ မသိပေ။

'အေး" ညောင်မြစ်တူးတာ ပုပ်သင်ဥပါပေါ်ပြီ ဟုလား'

ရှိုင်းပြုံးယုံသာပြုံးနေသည်။ အဆုလည်း ရှိုင်းနှင့် အတူပါလာ၍ အဆုလည်းပြုံးနေသည်။

ထိုချိန်နားနေခန်းသို့ တီချယ်ဝင်လာသည်။

'အေး" နင့်ကို အင်္ဂလိပ်ဆရာမနဲ့ တိုင်အုန်းမယ်'ဟု အတန်းပိုင်ဆရာမမှ ပြောလိုက်ရာ အဆုနှင့် ရှိုင်း တယောက်မျက်နှာ တယောက်ကြည့်ကာ တိုးတိုးလေး ရယ်ကြလေသည်။

'ဘာဖြစ်လို့လဲအမ'ဟုတီချယ်မေးလိုက်ချိန်တွင် အတန်းပိုင်ဆရာမစီ ဖုန်းဝင်လာသဖြင့် အပြင်ထွက်သွားရာ ရှိုင်းနှင့် အဆုသာကျန်ခဲ့လေသည်။

ရှိုင်းကတီချယ်နားကပ်ကာ တီချယ်နှင့် သူစကားပြောထားသည်များ မိသွားကြောင်းပြောပြလိုက်ရာ တီချယ်မှ 'ကောင်းတယ်"'ဟုစနောက်ပြီး ပြောကာ အခန်းအပြင်သို့ထွက်သွားလေသည်။

ထို့နောက် အဆုနှင့်ရှိုင်းအား အခန်းထဲသို့ပြန်ခိုင်းလိုက်၏။ အတန်းထဲရောက်သည်နှင့် ရှိုင်းမျက်နှာမှာ ဇီးရွက်လောက်သာရှိတော့သည်။ ထိုအချိန်မှစ၍ ရှိုင်းမျက်နှာမှာ အပြုံးအရယ်မရှိကာ မှောက်သာအိပ်နေတော့သည်။ ဘယ်သူနဲ့မှလည်း စကားမပြောတော့ပေ။

ကံ့ကော် (mesua ferrea)Where stories live. Discover now