[Zawgyi]
စနေ၊ တနင်္ဂနွေ ပိတ်ရက်နှစ်ရက်ကိုကုန်ဆုံးပြီး အလုပ်တက်၊ကျောင်းတက်နေရသူတွေအတွက် စိတ်ပျက်စရာ တနင်္လာနေ့ မနက်ခင်းသို့ တဖန်ရောက်လာပြီဖြစ်သည်။
First semester မရောက်ခင် February လသာ ရှိသေးသော်လည်း မေမြို့မှာမွေး၊ မေမြို့မှာပဲ ကြီးခဲ့ရသည့် မေမြို့သားမင်းမြတ်အဖို့ မန္တလေးရဲ့ တနင်္လာနေ့မနက်ခင်းကို ချွေးတစို့စို့နှင့် အိပ်ရာမှထရပြန်သည်။
ပူစပ်ပူအိုက်နေကာ ချွေးတလုံးလုံးနှင့် နေလို့မကောင်းတော့တာကြောင့် အိပ်ရာမှထထချင်း အိပ်ယာဘေးက ရေဘူးကိုယူကာ တစ်ကျိုက်တည်းမော့သောက်လိုက်ပြီး ရေချိုးပြင်ဆင်ပြီးမှသာ ကျောင်းသွားရန် ဆုံးဖြတ်လိုက်သည်။
ဖုန်းဖွင့်ကာ Lock screen မှ အချိန်ကို ကြည့်တော့ စောသေးတာကြောင့် ကျောင်းရောက်မှသာ မနက်စာစားပြီး Canteen အေးဆေးထိုင်ရန် သူသူနဲ့ကိုစိုင်းတို့ကိုပါ တစ်ခါတည်း ဖုန်းဆက်ထားလိုက်တော့သည်။
ရေချိုးအဝတ်အစားလဲပြီးနောက် လွယ်အိတ်ထဲကို လိုအပ်တဲ့စာအုပ်များကိုသာစစ်ယူပြီး ဆိုင်ကယ်နဲ့ကျောင်းကို ထွက်လာခဲ့သည်။ ကျောင်းရောက်တော့ ဆိုင်ကယ်သေချာရပ်ပြီး Canteen ဘက်ကို ပြေးခဲ့တော့ Ruby တွင် သူသူနဲ့ကိုစိုင်းက ကြိုတောင်ရောက်နေပြီ။
မင်းမြတ်တို့ အဖွဲ့က Canteen ထိုင်လျှင် Ruby ဆိုတဲ့ဆိုင်မှာသာ ထိုင်လေ့ရှိသည်။ အကြောင်းအရင်းက ထွေထွေထူးထူးမဟုတ် နှာဘူးမ ဒေါ်သူသူကြောင့်ဖြစ်သည်။ Ruby ဆိုင်ပိုင်ရှင် ကိုကြီးမှာ ချောတယ်ဆိုတာကြောင့် Canteen ထိုင်မည်ဆိုလျှင်ဒင်းလေးက canteen ကို အရင်ရောက်အောင်သွားကာ ဆိုင်ကောင်တာရှေ့က ဝိုင်းမှာသာ အကျအနထိုင်ပြီး ဆိုင်ပိုင်ရှင် ကိုကြီးကို ငမ်းတတ်သည်။ သူကြည့်နေကျ ဗီယက်နမ်က ကြာဖြူလေးနဲ့တူတယ်ဆိုပြီး ဆိုင်ပိုင်ရှင် ကိုကြီးကိုလည်း ကြာဖြူဆိုပြီး nick name ပေးထားသေးသည်။
မင်းမြတ် ဆိုင်ထဲကိုဝင်လာတော့ သူသူရော၊ကိုစိုင်းရော မင်းမြတ်ကိုမမြင်။ ကိုစိုင်းက ဖုန်းကိုအသဲအသန်ကြည့်နေပြီး သူသူကတော့ စာအုပ်ထူထူတစ်အုပ်ကို ခေါင်းဝင်မတတ် ဖတ်နေသည်။ ထုံးစံအတိုင်း ဆိုင်ကောင်တာရှေ့က ဝိုင်းမှာဖြစ်ပြီး ဆိုင်ကောင်တာတွင် သူသူပြောတဲ့ ကြာဖြူဆိုတဲ့ အကိုကြီးက ထိုင်နေသော်လည်း ဒီနေ့မှထူးထူးခြားခြား သူသူကအာရုံမရှိ။ လက်ထဲကစာအုပ်ကိုသာ မျက်လုံးကျွတ်ထွက်မတတ် ဖတ်နေသည်။ မင်းမြတ်လည်း ညစ်ကျယ်ကျယ်တွေးပြီး လွယ်အိတ်ကို သူသူနဲ့ကိုစိုင်းရှေ့က စားပွဲပေါ်ကို အားပါပါပစ်ချလိုက်သည်။
YOU ARE READING
မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]