Just for knowledge(Zawgyi&Unicode)

5.6K 366 17
                                    

ဂုတ်ထိပ် တံတားက နံမည်ကျော်တဲ့ တံတားကြီးဖြစ်တာမလို့ တော်တော်များများကတော့ သိကြမှာပါ ... သမိုင်းကြောင်းကို သေချာမသိရင်တောင် တောင်နှစ်ဖက်ကို ဖောက်ထားပြီး အကာအရံမရှိတဲ့ ရထားသံလမ်းကြီးကိုတော့ မြင်ဖူးကြမှာပါ ...ကိုယ်က Reader လေးတွေ သိအောင် ဂုတ်ထိပ်တံတား အကြောင်းကို ပြောပြချင်လို့ပါ ...

ဂုတ်ထိပ်တံတားကြီးကို ၁၈၈၅ နိုဝင်ဘာလ (၂၉ ) ရက်နေ့မှာ အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးတဲ့နောက်မှာ ဗြိတိသျှအစိုးရတွေက မန္တလေးကနေပြီးတော့ ရှမ်းပြည်မြောက်ပိုင်း ကွမ်းလုံမြို့အထိကို ရထားလမ်းဖောက်ဖို့ စီမံကိန်း ဆွဲခဲ့ကြတယ် ...

ရထားလမ်းဖောက်တဲ့ အခါမှာ အကြီးမားဆုံးအခက်အခဲက နောင်ချိုမြို့နဲ့ နောင်ပိန်မြို့ကြားက ဂုတ်တွင်းလျှိုကမ်းပါးကြီးကို ဆက်သွယ်ရတဲ့ အခက်အခဲ ဖြစ်ပါတယ် ... ချောက်ကမ်းပါးက ကမ်းပါးပြတ် ချောက်ကမ်းပါး ပုံစံမျိုး ဖြစ်တာကြောင့် တစ်ဖက်နဲ့ တစ်ဖက် ပေနှစ်ထောင်ကျော် အကွာအဝေးရှိပါတယ် ... နက်ရှိုင်းတဲ့ လျှိုကြီးကလည်း ပေ ( ၃၀၀ ) ကျော်မျှ ရှိနေတဲ့ အတွက် ထို ကျောက်တောင်ကမ်း
ပါးပြတ်ကြီးနှစ်ဘက်ကို ရထားတစ်စင်း ဖြတ်သန်းသွားလာနိုင်အောင် တံတားတည်ဆောက်ဖို့ အလွန် ခက်ခဲခဲ့ပါတယ် ...

ရထားလမ်းဖောက်လုပ်ရေးစီမံကိန်း တာဝန်ရှိသူများသည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ( Sir A . M . Fendal In Co ) အား တံတားတည်ဆောက်ရန် ပုံစံဒီဇိုင်းအပ်နှံ၍ ဆောက်လုပ်ရန်ကိစ္စကို အမေရိကန်နိုင်ငံရှိ ( Pennsylvania and Maryland ) ကုမ္ပဏီအားတာဝန်ပေးအပ်နှံခဲ့ပါတယ် ...

တောအထပ်ထပ်တောင်အသွယ်သွယ်ကို ဖြတ်သန်းဖေါက်လုပ်ရသည့် ဂုတ်ထိတ်တံတားစီမံကိန်းက နောင်ချိုမြို့ မှ ရထားလမ်းအတိုင်း
( ၇ )မိုင်ခန့်အကွာ မိုင်တိုင် ( ၄၆၃ . ၀၉ ) မှာစတင်ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ တံတားတွေ ထဲမှာ အမြင့်ဆုံးသောတံတားဖြစ်ပါတယ် ...

အမေရိကန်နိုင်ငံ နယူးယောက်မြို့ကနေ သင်္ဘောကြီးတွေနဲ့ တင်ဆောင်ယူလာတဲ့ တံတားသံဘောင်ကြီးတွေကို ဂုတ်ထိပ်တံတားတည်ဆောက်မယ့် နေရာအထိ ခဲရာခဲဆစ် သယ်ယူခဲ့ပြီးတော့
( ၁၈၉၉ )ခုဧပြီလ ( ၂၈ )ရက်မှာ စတင် တည်ဆောင်ခဲ့ကြပါတယ် ... ( ၁၉၀၀ ) ပြည့်နှစ် နိုဝင်ဘာလ ( ၁ )ရက်နေ့မှာတော့
အောင်မြင်စွာတည်ဆောက်ပြီးစီးခဲ့ပါတယ် ...

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now