Part 28(Zawgyi&Unicode)

6.1K 546 4
                                    

[Zawgyi]

'ကိုယ် အိမ်ထဲ လိုက်ခဲ့ရဦးမလား ပြန်လာတာ နောက်ကျတော့ အန်တီတို့ ဆူနေဦးမယ်'

'ရပါတယ်ကွာ ဘာမှမဖြစ်ဘူး လိုက်ခဲ့ချင်လဲ လိုက်ခဲ့ ဟုတ်ပြီလား'

နေ့လည် ထမင်းမစားခင် အချိန်လောက်ကတည်းက မင်းမြတ် အပြင်ထွက်လာပြီး ညနေစောင်းလောက်မှ အိမ်ပြန်ပို့မိတာကြောင့် အိမ်ပြန် နောက်ကျလို့ အိမ်ကဆူမှာကို သွေးခန့်က စိုးရိမ်နေပုံရသည်။ သူလုပ်ကာမှ ကိုယ်က အိမ်ပြန်နောက်ကျလို့ အဆူခံရမယ့် ကလေးပေါက်စကျနေရော ... လိုက်လာခဲ့လို့ ပြောကာမှ ပြုံးရွှင်ပြီး ကားပေါ်က ဆင်းသည်။ ခဏနေရင် ပြန်မှာမလို့ ကားကို အိမ်ထဲ မသွင်းတော့ပဲ ခြံရှေ့မှာပဲ ရပ်ထားခဲ့မည့်ပုံရသည်။

'အားယိုးး သားသားလေး လာ ကိုယ့်ဆီလာ'

'အု အု အု ...'

သွေးခန့်နဲ့ မင်းမြတ်တို့ အိမ်ထဲ အတူ ဝင်လာတုန်း ကီကီလေးက ပြေးလာပြီး သွေးခန့်ပေါ်ကို ခုန်တက်က အတင်းနှုတ်ဆက်သည်။ ဘေးချင်းကပ်က သခင်ကို အရင်မနှုတ်ဆက်ပဲ သွေးခန့်ကိုသာ တစ်ကိုယ်လုံး နတ်ပူးသလို တုန်ခါပြီး နှုတ်ဆက်ရင်း ပျာယာခတ်နေသည်။ တကယ်ကို ကျွေးရကျိုး မွေးရကျိုးနပ်တဲ့ ငပုလုံးကောင် ... နောက်မှ လာချွဲကြည့် မခေါ်ဘူးလို့ ကီကီကို ကြည့်ရင်း မင်းမြတ်စိတ်ထဲ ခပ်ချဉ်ချဉ်တွေးမိသည်။

'ကီကီရေ မင်းကိုကြီးကို နှုတ်ဆက်ပါဦးကွာ ဟိုမှာ မင်းမနှုတ်ဆက်လို့ မျက်စောင်းထိုးနေပြီ'

'ငါ ဘယ်မှာ မျက်စောင်းထိုးလို့လဲ ခန့် မင်းနော် မဟုတ်တာ မပြောနဲ့'

မျက်စောင်းမထိုးကြောင်း အတင်းကာရောတွေ ရန်တွေ့ပြီး အိမ်ထဲ ဘောက်ဆတ်ဘောက်ဆတ် ဝင်သွားတဲ့ ချစ်ရသူကို ကြည့်ရင်း သွေးခန့် အားရပါးရ ရယ်မိသည်။ အိမ်ထဲမဝင်ခင် အိမ်ပေါက်ဝကနေ မျက်စောင်းထပ်ထိုးသွားတာကြောင့် ကီကီလေးကို ချီပြီး သွေးခန့်လဲ နောက်ကနေ လိုက်ဝင်ခဲ့လိုက်သည်။

'အယ် သားငယ်လေး ပြန်လာပြီလား နောက်ကျနေတာ ဘယ်သူလိုက်ပို့တာလဲ သား'

'ခန့်ပဲ ပြန်လိုက်ပို့တာ မေကြီးရ'

'လိုက်ပို့တာ အိမ်ထဲ မခေါ်ဘူးလားသားရဲ့ အဲ့ကလေးက ပြန်သွားပြီလား'

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now