Part 21(Zawgyi&Unicode)

7.5K 708 28
                                    

[Zawgyi]

'ကိုမြတ် ကိုယ့်ဆီလာခဲ့လို့ရမလား'

'ကိုခန့် အဆင်ပြေလား ဘာဖြစ်နေလို့လဲ ပြောပြော'

မင်းမြတ် အိပ်နေရင်း ဖုန်းလာတာကြောင့် ဖုန်းကို ကြည့်လိုက်တော့ ဖုန်းခေါ်ဆိုသူက သွေးခန့် ... အချိန်ကို ကြည့်လိုက်တော့လဲ ည ၁၁ နာရီ ခွဲနေပြီ ... မင်းမြတ် ဖုန်းကိုင်လိုက်တော့ သွေးခန့်ဆီက သူ့ကို လာခဲ့ဖို့ပြောလာသည်။ အသံက ဖုန်းထဲကနေ တဆင့်ကြားနေရတာတောင် သွေးခန့် အသံက တုန်နေမှန်းသိသာသည်။ ညကြီးသန်းခေါင် ဖုန်းဆက်တာက တစ်ကြာင်း အသံတွေ တုန်ပြီးလေးနေတာက တစ်ကြောင်းကြောင့် သွေးခန့် တစ်ခုခုဖြစ်နေပြီဆိုတာ သေချာသည်။

'ကိုယ့် ဖေဖေ ဆုံးသွားပြီ ကိုယ့်ဆီလာခဲ့ပေးလို့ရလား ကိုမြတ်'

'ဟင် လာခဲ့မယ် လာခဲ့မယ် ငါအခုချက်ချင်းလာခဲ့မယ် အန်တီ့ကို ဂရုစိုက်ဦး ငါ ဖေယံတို့ ကိုစိုင်းတို့ကိုလဲ ဖုန်းဆက်ပြီး လာခဲ့မယ် ဒါပဲနော် ကိုခန့်'

မင်းမြတ် ဖုန်းချချပြီး ရေချိုးခန်းထဲ မြန်မြန်ဝင် လန်းသွားအောင်မျက်နှာသစ်ပြီးတော့ အဝတ်အစားမြန်မြန်လဲဝတ်လိုက်သည်။ မေတို့ ဖေတို့လဲ အိပ်နေပြီဆိုတာ သိပေမယ့် အပြင်သွားမှာ ဖြစ်တာကြောင့် နှိုးပြီး အကျိုးအကြောင်းပြောပြလိုက်သည်။ ဖေတို့ မေတို့လဲ နာရေးဖြစ်နေလို့ အလွယ်တကူ ခွင့်ပြုတာကြောင့် ကိုစိုင်းကို ဖုန်းဆက်လိုက်ပြီး ကိုစိုင်းကနေ တစ်ဆင့် ဖေယံနဲ့ ဇေယျာ တို့ကိုပါ ဖုန်းဆက်ဖို့ ပြောရသည်။ သူသူကတော့ မိန်းကလေး ဖြစ်တာကြောင့် မနက်မှပဲ လှမ်းအကြောင်းကြားရမည်။ အရေးအကြောင်းဖြစ်နေချိန် အကုန်လုံး မေမြို့မှာ ရှိနေကြလို့ တော်သေးသည် ဆိုရမည်။ သွေးခန့်အိမ်ကို အရင်ကတည်းက သွေးခန့်က ပြောပြထားဖူးတာကြောင့် မင်းမြတ် ဆိုင်ကယ်နဲ့ ထွက်လာခဲ့တော့သည်။ သွေးခန့်တို့အိမ်ရောက်တော့ အိမ်ရှေ့မှာ ဆိုင်ကယ်ရပ်ပြီး အိမ်ထဲ ပြေးဝင်လိုက်သည်။

'ကိုမြတ် ရောက်လာပြီလား'

'အင်း မင်းအဆင်ပြေရဲ့လား အန်တီရော'

မိဘတစ်ယောက်လုံးဆုံးသွားတာ အဆင်မပြေမှန်း မင်းမြတ်သိပေမယ့် အားပေးဖို့ မေးမိသည်။ သွေးခန့်က ခပ်ရဲ့ရဲ့ ပြုံးပြနေပေမယ့် အဆင်မပြေတာ သိသာပါသည်။ အိမ်မှာ မိခင်ဖြစ်သူနဲ့ သူသာ ရှိနေတာ မလို့ သွေးခန့် အားတင်းထားပုံပင် ...

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now