Ch.28.1-Meow......Meow~

421 87 6
                                    

||Unicode||

ဝူရုန်အရင်တည်းကပြင်ဆင်ထားသော ကောက်ရိုးနှင့်ပုံဖော်ထားသောမြေအိုးကိုထုတ်ယူပြီးနောက် ထိုထဲတွင်ပင့်ကူလေးပျော်ရွှင်စွာနေစေသည်။ သူသည်အစိမ်းရောင်စိတ်ဝိဉာဉ်ကူနေထိုင်ရာ မြွေပုံထွင်းထာသောသစ်မာပန်းပုကိုထုတ်ယူလိုက်လျှင် မြေစိမ်းလေးသဘော ပေါက်၍ သူ့ပါးစပ်ကိုဟလျက် နတ်ဆိုးမြောင်တစ္ဆေလေးကောင်ကို ပြန်ဝါးမြိုလိုက်ပြီးနောက် ပန်းပုထက်တွင်ခွေနေလိုက်သည်။ သူသည်အိမ်အား စောင့်ကြည့်ရန် ဆွဲကြိုးချတစ္ဆေ အရုပ်သရဲနှင့် နတ်ဆိုးမြောင်တစ္ဆေနှစ်ကောင်အားချန်ထားရစ်သည်။

ဝူရုန်ဝတ်ဆင်ထားသောအပေါ်ဝတ်မှာ မြောင်လူမျိုးများဝတ်လေ့ရှိသည့်အထည်ဖ့စ်ကာအင်္ကျီအတွင်းဘက်အထပ်များထဲတွင် လျှို့ဝှက်အိပ်များရှိလေသည်။

အကယ်၍တောင်ပေါ်မှာသာဆိုလျှင် နောက်တွဲသေတ္တာကိုယူ‌ဆောင်ကာ ပင့်ကူလေး၏အိုးကိုထားနိုင်မည်ဖြစ်သည်။ သို့သော်မြိုထဲတွင်တော့ ခြင်းတောင်းမှာ လွန်စွာမှသိသာ ပေါ်လွင်လှသဖြင့် ဝူရုန်အနက်ရောင်လက်ကိုင်အိတ်ကိုသာဖြုတ်ယူလိုက်သည်။ မူလကလက်ကိုင်အိတ်နက်မှာ ကျိုးရွှမ်သူကိုပေးလာသောဂုဏ်ပြုလက်မှတ်နဲ့ ဆုတံဆိပ်ထည့်ထားသောအိတ်ဖြစ်သည်။

မြလင်ဇီးမှာလွန်စွာမှကြီးလှကာဝူရုန်အိ
ပိုင်းလေးများပိုင်းလိုက်ပြီးနောက် တဝက်ကို သွေးဂျင်ဆင်းအိုးထဲနစ်ထားခဲ့သည်။ သူသည်ပင့်ကူလေးချွတ်လာခဲ့သောအခွံကိုလည်းယူဆောင်ခဲ့သည်။ ကျောက်ပင့်ကူကြိးများမှလွန်စွာမှအဆိပ်ပြင်းလှကာ ကျွတ်ပြီးသာအခွံဖြစ်သဖြင့် သက်ရောက်မှုနည်းလျှင်တောင် အဆိပ်ပြင်းသေးသည်။ ဝူရုန်သည်အဆိပ်အားလုံးပြီးသည့် ကျုံးကူကိုသယ်ထားပြီး ပင့်ကူလေးပါသူ့တွက်ရှိသောကြောင့် အခွံမှာသူ့အတွက်သိပ်အသုံးမဝင်လှ။ အတူယူသွားပြီးဈေးထဲကျ ဈေးကောင်းရလျှင်ရောင်းချနိုင်မည်မလား?

မြောင်ဓားကိုနောက်တွင်လွယ်လျက် မြွေပုံစံပန်းပုကိုခါးတွင်ချိတ်ပြီး ပင့်ကူကိုတော့အိပ်ထဲထည့်ကာသယ်ခဲ့သည်။ ဝူရုန်သေလုနီးပါးဖြစ်နေသောကြောင်ကိုတဖက်တွင်သယ်၍ အိတ်ကိုတဖက်မှကိုင်ကာ တိရိစ္ဆာန်ဆေးရုံသို့အရင်သွားလေသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now