Ch 65-Baa Baa Baa

232 32 0
                                    

|| Unicode ||

    ဝူရုန်ရောက်ရှိလာမှုမှာ ဖုံးကွယ်၍မရ။ အခေါင်းထမ်းတစ္ဆေအိုကြီးသည် လှည့်လည်သွားလာနေရသည်ကိုအလွန်နှစ်သက်သည့်အတွက်အနှေးနှင့်အမြန်သူသိသွားမည်ဖြစ်သည်။

    ကြမ်းပြင်ပေါ်တွင်အေးစက်လာသည့်အထိလဲလှောင်းပြီး‌နောက် ဆရာသခင်လင်းယွင်သူတကိုယ်လုံးပေါ်မှ နာကျင်နေသောကြွက်သားများ‌သက်သာမှသာ စိတ်သက်သာရစွာအသက်ရူထုတ်လိုက်သည် အလွန်တရာမှ စိတ်ချမ်းသာရသည်။

    သူ ... အသက်ရှင်သေးတယ်။

    ထိုအခိုက်တန့် ဆရာသခင်လင်းယွင်မှာ ဖုချင်းသည်ပြန်လည်မွေးဖွားလာသူမဟုတ်သည့်အတွက် အလွန် ကျေးဇူးတင်မိသည်။ အ ဆုံးတွင်တော့ လွန်ခဲ့သောဆယ်နှစ်က ချွမ်ယန်ကျီမှာ တော်သင့်ရုံလောက်မရင့်ကျက်သေးကာ သူတို့သည် နောင်ဆယ်နှစ်အကြာမှ ပြိုင်ဘက်ဟောင်းများ သာဖြစ်သည်။ တချို့သော လူပ်ရှားမှုများကိုဆရာသခင်လင်းယွင်မှ တွက်ချက်နိုင်ပြီးဖြစ်သည်။ ဆရာသခင်လင်းယွင်သည် တိုက်ခိုက်ရေးတွင်တကယ်ကိုမတော်သည့်အပြင် သူ၏သရုပ်မှန်ကိုလည်း ထုတ်မပြနိုင်သည့်အတွက် တိုက်ခိုက်ရာတွင် အနည်းငယ်ထိန်းချုပ်နေရကာ ဤနေ့ညတိုက်ပွဲ၏ရလာဒ်မှာ ပြောရခက်လှသည်။ ဆရာသခင်လင်းယွင်အတွက်ကြောက်စရာအကောင်းဆုံးအချက်မှာ တိုက်ပွဲအတွင်း ချွမ်ယန်ကျီ၏ ပုံမှန်မဟုတ်သောတိုးတက်လာမှုဖြစ်သည်။

    ခဏမျှ တိုက်ခိုက်ပြီးနောက် ဖုချင်းသည် 'ငရဲမီး' အဆင့်သို့ပင်ရောက်ခဲ့သည်။

    ဆရာသခင်လင်းယွင် ဖျော့တော့စွာသက်ပြင်းချပြီးနောက် တစုံတရာအားတွေးမိသဖြင့် ကျေနပ်ရောင့်ရဲစွာပြုံးမိသည်။

    သူလုပ်ခဲ့သည့် အနည်း မျှသော လှည့်ဖျား‌မှုလေးတချို့နှင့်ဆို အနည်းဆုံတော့ နောက်သုံးရက်လောက် ချွမ်ယန်ကျီ တစ္ဆေဘုရင်ကြီးအားလာရောက်ပြဿနာရှာနိုင်မည်မဟုတ် သူတွင်အချိန်ရှိလောက်မည်___

    "Puff!"

    ပတ်တီးလုံးတစ်လုံးသည် ဆရာသခင်လင်းယွင်အားဥက္ကာခဲတစ်လုံးလို‌လာရောက်ထိမှန်ကာ သူ့အား ကြယ်များပင်မြင်ကာ သတိလစ်လုမတက်ဖြစ်စေသည်။ ပတ်တီးစများတစ်ခုနှင့်တစ်ခုပွတ်တိုက်သံ မှာ တိတ်ဆိတ်သောညတွင်ထွက်ပေါ်နေပြီး ထိုပတ်တီးများသည်မြွေများကဲ့သို့ ဆန့်ထွက်ပြန့်ကျဲလာကာ ဆရာသခင်လင်းယွင်အား လျင်မြန်စွာရစ်ပတ်လာတော့သည်။ ဆရာသခင်လင်းယွင်အံ့ဩမှုကြောင့်ဖြူလျော်သွားသည်။ အို့ အခေါင်းထမ်းတစ္ဆေအိုကြီးကတော့အလွန်တရာကိုမှစိတ်လုပ်ရှားနေ‌တော့တာပဲ။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now