Ch.55-Chiiirp,chirp chirp

253 49 2
                                    

|| Unicode ||

     တောင်ပေါ်တွင် ယိုင်နဲ့နဲ့ အမည်မဲ့အုတ်ဂူတချို့ရှိနေသည်။ သဘာဝလွန်ပြန်လည်စတင်ရှင်သန်မှုဖြစ်ပွားပြီးနောက်တွင်  beaconတောင်ပေါ်ရှိ အဝါရောင်မြွေပါ ကျောင်းဆောင်မှာခဏမျှကျော်ကြားသွားသေး‌သည်။ အနီးနားမှနေထိုင်သူတို့မှာအလွန်ယူသီးကြသည်။ တချို့လူများသည် အုတ်ဂူများအားဤနေရာသို့ရွေ့ခြင်းဖြင့် အဝါရောင်မြွေပါမှ သူတို့၏နောင်လာနောင်သားမျိုးဆက်တို့အားကောင်းချီးပေးလာပြီးပို၍ အားကောင်းလာမည်ဟုထင်ကြသည်။ တချို့သောတစ္ဆေပျိုးထောင်သူများသည်ဤနေရာ၌ သူ့တို့သေပြီးနောက်ပြာများကိုမြုပ်နှံ့ကာ သူတို့မိသားစုအုတ်ဂူအဖြစ် မှတ်တိုင်ငယ်လေးများပြုလုပ်ထားကြသည်။

    လွန်ခဲ့သောနှစ်အနည်းငယ်မှစ၍ အထူးစီမံခန့်ခွဲရေးဝန်ထမ်းရေးရာမှ နှစ်စဉ်နှစ်တိုင်း ဤနေရာရှိ ထိုတရားမဝင်ပုဂ္ဂလိကဆိုင်ရာအုတ်ဂူများကို ရှင်းလင်းခဲ့ကြသည် သို့သော် အဝါရောင်မြွေပါကျောင်းဆောင်‌မြစ်ရေဘေးဒုက္ခဖြစ်ပွားပြီးနောက် မည်သူမှကျောင်းဆောင်အနီးတဝိူက်သို့မလာရဲတော့သဖြင့် အသိုက်မှ ချော်ထွက်လာသည့် ငါးတချို့သာကျန်ခဲ့တော့သည်။

    မိုးရွာပြီးစ လပြည်ညလည်းဖြစ်နေသေးသည်။ တောက်ပဖြာကျနေသည့် ‌လရောင်အောက်တွင် တောင်ပေါ်တခုလုံးဝင်းပလင်းထိန်းနေတော့သည်။ ဝူရုန် ပိုင်ကုညွှန်ပြသည့်နေရာသို့ကြည့်လိုက်သောအခါ တောနက်ထဲမှ လွှင့်မြောလာနေသည့်အဖြူရောင်အရိပ်အုပ်စုလိုက်တွေ့လိုက်သည် ။ ကလေးတစ်ယောက်မှတစ္ဆေဟန်ဆောင်ရန်အဖြူရောက်ပိတ်ရှည်ကြီးအားဝတ်ဆင်ထားသည့်မြင်ကွင်းနှင့်တူသော် လည်ူ အဖြူရောင်အရိပ်များမှာလွှင့်မြောခြင်းနည်းတစ်မျိုးကိုသုံးထားပြီူမြေပြင်နှင့်မထိ။ တောင်ပေါ်ရှိသစ်တောမှာလွန်စွာစိမ်းလန်း‌စိုပြည်နေပြီူ အဖြူရောင်အရိပ်များက မသဲကွဲကာ တဖြည်းဖြည်း ပိုမိုပုံဖျက်ဖုံးကွယ်လာသည်။

    ‌အဝါရောင်မြွေပါကျောင်းဆောင်မှနေ၍ အဖြူရောင်အရိပ်တစ်ခုသည်အမည်မဲ့အုတ်ဂူတစ်ဂူရှိရာဆီသို့ သွားနေကြောင်းမသဲမကွဲမြင်နိုင်သည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now