|| Unicode||
"မနက်ဖြန် ည မနက်စောစော ငါ့ဗီလာ "
ဝူရုန် ဤသို့သော လုံခြုံမှုမရှိသောနေရာမျိုးတွင် မစမ်းသပ်ချင် ဒါ့အပြင် ဂီတပွဲသည်လည်း ဤမျှရှည်ကြာသွားပြီးနောက် ပြီးဆုံးတော့မည်ဖြစ်သည်။
ကြာစေ့အားထုတ်ယူလို့ရသည်ဖြစ်စေမရသည်ဖြစ်စေ ဖြစ်ပေါ်လာနိုင်မည့် သာမန်မဟုတ်သောအဖြစ်ပျက်များအား လျှို့ဝှက်ကြာပန်းအသင်းတော်မှသတိပြုမိနိုင်သည့်အချက်အားထည့်သွင်းစဉ်းစားရန်လိုသေးသည်။
"ဘယ်နေရာလဲဆိုတာမင်းသိပါတယ်"
သူ၏လေသံမှာပေါ့ပါးနေပြီး သူ၏လက်ချောင်းများက ဖောင်းကွ့နေသောကြာစေ့ကို ဖိနိုပ်ထားသည်။ သူ သူ့၏သွေးကိုမသုံး သော်လည်း တစ္ဆေကြီးနှထုတ်လွှတ် နေသောအငွေ့အသက်ကပင်ကြာစေ့အားကြောက်ရွံမှုဖြင့်တုန်ယင်စေသည်။ သူရှေ့မှာတုန်ယင်နေသောပုခုံးကိုကြည့်ရုံနှင့် ဝူရုန် သူစကား၏နောက်ကွယ်ကအဓိပ္ပါယ်အား ကျိုးကျင်သိမည်ကိုနားလည်သည်။ သူ သူ၏လက်ကိုပြန်ရုပ်လိုက်ပြီး ရူပ်ထွေးသောအမူအယာနှင့် စကားပြောရန်တွန့်ဆုတ်နေသော သူ့ရှေ့မှလူငယ်လေးအားကြည့်နေသည်။
" ငါ့ကိုဒီတိုင်းပဲ လွှတ်လိုက်တော့မှာလား?"
သူအထင်မြင်သေးချင်ယောင် ကာပြုံးလိုက်သော်လည်း သူ၏ မျက်ဝန်းထဲ နက်ရိူင်းသောခံစားချက်များဖုံးကွယ်ထား၍ ဝူရုန်အားဖျားယောင်းသွေးဆောင်မှု အပြည့်ရှိ သောမျက်ဝန်းများဖြင့် ကြည့်နေသည်။ သူ၏လေသံမှာပေါ့ပါး၍ဂရုစိုက်ဟန်ပြုလျက် " အခုငါ့မှာ ကလေးစိတ်ဝိဉာဉ်ပြန်ရသွားပြီဆိုတော့ အရူးပဲ ထောက်ချောက်တစ်ခုတည်းကိုပြန်ကျလိမ့်မယ်"
"မင်းလုပ်ချင်သလိုလုပ်"
ဝူရုန်အတွက်တော့ ကျိုးကျင်လာသည်ဖြစ်စေမလာသည်ဖြစ်စေ ဘယ်လိုပဲဖြစ်ဖြစ် သူကိုယ်ထဲတွင် ကူပိုးကောင်ထည့်သွင်းလိုက်ပြီးဖြစ်ရာ အခုအခါ စာချုပ်မှာတဆင့် ဆက်သွယ်နိုင်ပြီဖြစ်သည်။ ထိုကူအမျိုးစားသည် ကျုံးကူ၏ လျှို့ဝှက်ချက် တစ်မျိုးဖြစ်ရာ လူတစ်ယောက်၏ဝိဉာဉ်ကို ဖမ်းယူနိုင်၍ ကျိုးကျင်မည်သည့်နေရာရောက်ရောက် အလွယ်တကူ အာရုံခံနိုင်သည်။ ကျိုးကျင်ရက်အနည်းငယ်အတွင်း သေသွားခဲ့လျှင် ကူသည် သူ၏ဝိဉာဉ်ထဲ အလိုအလျောက် ပုန်းကွယ်သွားပြီး ဝူရုန်ရှိရာဆီသို့ အသိုက်သို့ပြန်လာသော ပင်ပန်းသည့်ငှက်ငယ်လို ပြန်လာမည်ဖြစ်သည်။
BINABASA MO ANG
ပြန်လည်မွေးဖွားပြီးနောက် မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်
HorrorTitle: After rebirth,I returned to Miaojing to inherite my family business Type : Web novel Status in COO Complete (283 chapters+9 extra) Completely translated No Original Publisher jjwxc This is not my own work just as fan translation.Do not have...