CH 82- Angel and Devil

204 32 0
                                    

|| Unicode ||

    မှိန်ဖျော့ဖျောသံစဉ်နှင့်သာယာနာပျော်ဖွယ်သီဆိုသံသည်သူ့နားထဲစွဲထင်နေသည်။ ကျုံးကူအားဆက်ခံပြီးထဲက သူ၏ကိုယ်လုံးကိုယ်ထည်မှာ အလွန်အားကောင်းစွာတိုးတက်လာခဲ့သဖြင့် သူသည် ထိုသိုနှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျခြင်းမျိုးမရှိသည်မှာကြာလှပြီဖြစ်သည် သူသည် အားအင်ပြန်ပြည့်ရန် ခဏတဖြုတ်နားလိုက်ရန်သာလိုသည်။

    ကျိုးကျင်၏သီဆိုသံထဲတွင် အထူးမှော်စွမ်းအားများပါပုံရသည်။ထို ခံစားချက်အားဖော်ပြရန်ခက်ခဲလှသည် လေပြေလေညှင်းအားပွတ်သပ်ကျီစယ်သွားသလို ရေပူစမ်းထဲစိမ်ထားရသလို ဒဏ်ရာရနေသောဝိဉာဉ်အားကုသပေးနေသည်။

    သို့သော်လည်း ဝူရုန်သူ မည်သည့်အနာတရမျိုးခံစားရဖူးသည်ကိုတော့မမှတ်မိ။ တကယ်တော့ သူဂီတပွဲအားလာရသည့်ရည်ရွယ်ချက်မှာ တစ္ဆေကြီးကြောင့်ဖြစ်သည်။ ရလာဒ်အနေဖြင့် တစ္ဆေကြီးမှသီချင်းသံကိုလုံးဝမတုန့်ပြန်ပဲ သူကိုယ်တိုင်သာသီချင်းသံထဲနစ်မြုတ်သွားခဲ့သည်။ နစ်နစ်ခြိုက်ခြိုက်အိပ်မောကျသွားခြင်းသည်ဝူရုန်အတွက်အန္တရယ်များသောအရာဖြစ်သည်။ သူ၏သတိထားမှုကျဆင်းသွားနိုင်ပြီး အကယ်၍ သူအန္တာရယ်နှင့်ကြုံရပါက ရန်သူအားအချိန်မီ ပြန်တန်ပြန်တိုက်ခိုက်နိုင်လိမ့်မည်မဟုတ်။

    ထိုအချက်သည်သူ့နှလုံးသားထဲမှအသိတရာသာဖြစ်ပြီး သူ၏အသိတရားကတော့ဘသီချင်းသံထဲမှနိုးမထလာနိုင်ခဲ့။ ထိုခံစားချက်မှာ ထူးဆန်းနေသော်လည်း ရင်းနှီးကျွမ်းဝင်မှုရှိနေသည်။ ဝူရုန်အနေဖြင့် သန့်စင်ခန်းထဲရှိအချိန်တုန်းကလွဲလျှင် ကျိုးကျင်၏သီချင်းအားမကြားဖူးသလို ထိုသိုသောအခြေနေထဲသို့မရောက်ဖူးခဲ့။ သူ၏ဝိဉာဉ်သည်တော့အကြိမ်မရေမတွက်နိုင်အောင် အတွေ့ကြုံရှိဖူးသကဲ့သို့ ချက်ချင်းပင် သီချင်းသံကြောင့် အပန်းပြေသွားရသည်။

    အတိအကျကိုဘာဖြစ်နေတာလဲ?

    ဝူရုန်ခဏမျှသာတွေးလိုက်ပြီး အရင်အိပ်ရာနိုးရန်ဆုံးဖြတ်လိုက်သည်။ အခန်းအပြင်ဘက်မှပတ်ဝန်းကျင်သည်လုံးဝလုံခြုံမှုမရှိသည့်အတွက် သူ့ကိုယ်သူသီချင်းသံထဲနှစ်မြုတ်ပြီးအဖြေရှာရန်မဖြစ်ပေ။ သီချင်း၏လွှမ်းမိုးမှုထဲမှရုန်းထွက်ရသည် အဆင်‌မပြေလှ။ ဝူရုန်အနေဖြင့် သူ၏စိတ်ဝိဉာဉ်သည်ဒဏ်ရာမရဖူးသည်မှာ ကျိန်းသေပြောနိုင်သော်လည်း သူ၏ဝိဉာဉ်သည်တော့ အလိုအလျောက် သီချင်းသံအောက်အပန်းပြေသွားပြီး အချိန်တိုအတွင်းသူစိတ်နှင့်လွန်ဆွဲနေကာ အအေးပြင်းထန်သော ဆောင်းရာသီ၏မနက်ခင်း၌ နွေးထွေးသောအိပ်ရာထဲမှထရသည်နှင့်တူလှသည်။ ဝူရုန်လိုစိတ်ဓာတ်ခိုင်မာသည့်သူပင်လျှင် ခဏမျှတန့်သွားရသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now