Story 1

4.7K 133 4
                                    

Unicode
.................
(Note that: Pdf file or တခြားမည်သည့်file မဆိုပြောင်းပြီး ကူးယူဖြန့်ချီခွင့်မပြုပါ)

ကြီးမားလှသော ကျောင်းမုတ်ဦးပေါက်ဝ၌ လူတစ်ယောက်ရပ်ကာ ထိုတံခါးကြီးကိုငေးမောကြည့်ရှုလို့နေသည်။ လှုပ်ရှားသွားလာနေကြသော ကျောင်းသူကျောင်းသားများ။ တာဝန်အရစစ်ဆေးနေသော ဆရာ၊ဆရာမများ။

ရှုပ်ယှက်ခက်နေသော သွားလာမှုများကြောင့် ထိုလူ၏မျက်ခုံးများတွန့်ချိုးသွားရသည်။ သူ၏ခရမ်းရောင်မျက်ဝန်းများသည်လည်း အနည်းငယ်လှုပ်ခက်သွားရပြန်သည်။

ထိုသူ၏မျက်နှာတွင် မာနကြီးမှုတစ်စုံတစ်ရာလည်းဖြစ်လို့နေသည်။ ကျောင်းသည် အထက်တန်းလွှာမိသားစုမှ သူများ တက်ရောက်ကြတာများသည်မို့ သူသည်လည်းထိုလူများထဲမှတစ်ယောက်ဖြစ်သည်။

''သခင်လေးညှို့ .... ဒီမှာကျောင်းလွယ်အိတ်ပါ''

''.......''

ဘေးနားကဦးလေးကြီးပေးလာသည့် လွယ်အိတ်ကိုကောက်ယူပြီး ခြေလှမ်းများကို စတင်လျှောက်လှမ်းလာခဲ့ကာ ကျောင်းတော်ဝန်းကြီးဆီသို့။

အထက်တန်း ဒုတိယနှစ်စတက်မည့် ကျောင်းသားတစ်ယောက်ဖြစ်ပြီး နာမည်က လေးညှို့သခင်။ အသက်ကတော့ ဆယ့်ခုနစ်နှစ်အရွယ်ပေါ့။ မိဘတွေက ချမ်းသာသည့် ကျောက်ပွဲစားတွေဖြစ်ပြီး သူ့မှာညီလေးတစ်ယောက်လည်းရှိသည်။

ညီလေးက လေးညှို့နှင့် တစ်နှစ်သာကွာသည်မို့ ယခုဆို အထက်တန်းပထမနှစ်သို့ စတင်တက်ရောက်ရမည်ပင်။ သူ့၏အနောက်မှ ကုတ်ချောင်းကုတ်ချောင်းလေးဖြင့်ပါလာပြီး ပထမဆုံးမြင်ဖူးသည့်ကျောင်းဝန်းကို လှည့်ပတ်ကြည့်လို့နေသည်။

St.Victoria ကျောင်းတော်ကြီးက အထက်တန်းမှစပြီး တက္ကသိုလ်အထိတက်နိုင်ပြီး နိုင်ငံတကာ အဆင့်မှီကျောင်းတော်ကြီးတစ်ခုလည်းဖြစ်သည်။ အနယ်နယ်အရပ်ရပ်မှ ကျောင်းသားများစုဝေးကာ တက်ရောက်ကြပြီး လူတန်းစားအလိုက်လည်းခွဲခြားထားသေးသည်။

လူချမ်းသာ၊ လူလတ်တန်းစားနှင့်လူဆင်းရဲများကြား အနိုင်ကျင့်စော်ကားမှုများမဖြစ်စေရန်ရည်ရွယ်၍ သင်ကြားရေးအဆောင်များကိုခွဲခြားထားသည်။ သို့သော် ထိုသို့စနစ်တွေခွဲခြားခြင်းက ကျောင်းအတွက် လူပြောများစရာကိစ္စတွေဖြစ်လာရသည်။

ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) CompletedWhere stories live. Discover now