Story 15

1.5K 74 10
                                    

Unicode
................

ကျောင်းသွားရန်ပြင်ဆင်နေသော လေးညှို့။ ထိုချိန် အခန်းထဲသို့ မပြောမဆိုဝင်လာသည့် ညှို့သက်။ လေးညှို့ လှည့်ကြည့်မိတော့ လန့်သွားမိသည်။ သူက ဘာကိစ္စ ဒီနားရောက်နေရသနည်း။

" သ....သက် ...ဘာကိစ္စရှိလို့လဲ"

" မနက်စာစားမယ်တဲ့ ခေါ်ခိုင်းလိုက်လို့"

" ဪ... အင်းအင်း....ဆင်းလာခဲ့မယ်"

ညှို့သက်က သူ့အားမျက်‌တောင်မခတ်တမ်း စိုက်ကြည့်နေတာကြောင့် စိတ်ထဲပင်မလုံမလဲဖြစ်သွားရသည်။ အဘယ်ကြောင့် သူ့အားစိုက်ကြည့်နေရသနည်း။

မိမိမှာ ဘာအမှားမှလည်း မလုပ်မိပါဘူးလေ။ ပြီးတော့ ညှို့သက်ရဲ့ အကြည့်တွေက တစ်မူထူးခြားနေသယောင်။ လေးညှို့စိတ်ထဲ ကုလားဘုရားလှည့်နေပြီး Ai bot ကိုတောင် စိတ်ထဲမှ တ,နေမိသည်။

* Ai ...Ai... ငါ့ကိုကယ်ပါဦး။ ဟိုကောင်ညှို့သက် ဘာဖြစ်တာလဲမသိဘူး*

'အဟမ်း... စိတ်မပူပါနဲ့။ ကစားသူအတွက် အန္တရာယ် မဖြစ်ပါဘူး။ ဒီတိုင်းရိုးရိုးသာမာန် အကြည့်လေး‌တွေ စွန့်ကြဲယုံလေးပါ။'

*ဟုတ်လို့လား*

'ဟုတ်ပါတယ်ခဗျ။ ဒီက ကျွန်တော်မျိုးစကားကို ယုံကြည်သင့်ပါတယ်။ ဘာလို့ဆို ကျွန်တော်တို့လို တိကျတဲ့ codeတွေ အသုံးပြုထားတဲ့ Ai တွေက အမှားကင်းပါတယ်ဗျ'

ညှို့သက်လည်း ခေတ္တမျှကြည့်ပြီးနောက် အိမ်အောက်ထပ်သို့ ဆင်းသွားလေသည်။ ထိုအခါမှသာ လေးညှို့လည်း သက်ပြင်းချနိုင်တော့သည်။

* ဒါနဲ့ ငါမေးစရာရှိသေးတယ်။ မင်းပြောတဲ့ ရွှေကြက်ပေါင်ကြီးကို ခုထိရှာမတွေ့သေးဘူးကော။ ပြီးတော့ ငါ့အပေါ်ကောင်းပေးတဲ့ သတိုးတာယာဆိုတဲ့ လူကိုကောရှာတွေ့ပြီလား။ မင်းပြောသလို ဇာတ်လမ်းကို အ‌ခြေခံထားတာဆို အဲ့ဇာတ်ကောင်ကကော ဘယ်နေရာမှာပါတာလဲ။*

'ခဏလေးနော်။ ကျွန်တော်ရှာပေးမယ်.... သတိုးတာယာ...သတိုးတာယာ... တွေ့ပါပြီ။ သတိုးတာယာဆိုတဲ့ ဇာတ်ကောင်တော့ပါပါတယ်။ ဒါပေမဲ့ အဓိကဇာတ်ကောင် မပြောနဲ့။ ဖြတ်လျှောက်လောက်တောင် နေရာမရှိပါဘူးခဗျ။'

ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) CompletedHikayelerin yaşadığı yer. Şimdi keşfedin