Story 8

1.7K 100 7
                                    

Unicode
.................

ပထမနှစ်ကျောင်းသားများကို ကြိုဆိုပွဲပြုလုပ်ကြမည်ဖြစ်တာကြောင့် ကျောင်းအုပ်နှင့်တာဝန်ရှိဆရာ၊ဆရာမများမှ မိန့်ခွန်းအနည်းငယ်အပြင် ကျောင်းစည်းကမ်းချက်များကို ပြောကြားမည်ဖြစ်သည်။ ထို့အပြင် ကျောင်းကိုအမှတ်အများဆုံးနှင့် အောင်ချက်အကောင်းဆုံးကျောင်းသားကိုလည်း ဂုဏ်ပြုပွဲအခမ်းအနားပြုလုပ်ပေးပြီး ထိုကျောင်းသားမှလည်း စာစဥ်အနည်းငယ်ကို ပြောကြားမည်ဖြစ်သည်။

ထိုအတွက်ကြောင့် လေးညှို့အပါအဝင် ကျောင်းသားများအားလုံး ခန်းမတစ်ခုတွင်စုဝေးနေရပြီဖြစ်သည်။ လေးညှို့အလယ်တန်းတွင်ထိုင်ကာ ပျင်းရိစွာဖြင့် မိန့်ခွန်းများအား နားထောင်လို့နေလေသည်။

''ယခုအစီအစဥ်အရ ကျောင်းဝင်ခွင့်မှာ အဆင့်တစ်ရရှိခဲ့သော ကျောင်းသား မင်းရောင်ခြယ်မှ နှုတ်ဆက်စကားပြောဆိုပေးရန်ဖြစ်ပါသည်''

ဟုပြောလိုက်ချိန် လေးညှို့တစ်ယောက် အံ့အားသင့်သွားရသည်။

''အိုး.... အဆင့်တစ်က မဟာမဟုတ်ဘူးပေါ့။ ဝိုး... ဘယ်လိုတောင် ပြောင်းလဲမှုကြီးလဲ''

ယခင်ဘဝက အဆင့်တစ်ကျောင်းသားမှာ ဘုန်းမဟာသော် ဖြစ်ပြီး လူအများလေးစားခဲ့ရသည့် ကျောင်းသားကောင်းဖြစ်လာခဲ့သည်။

လေးညှို့ ထိုထူးချွန်ကျောင်းသားကို မြင်ဖူးချင်စမ်းပါဘိနဲ့။ သိချင်စိတ်ကြောင့် ခန်းမကျယ်ကြီးကို မျက်လုံးလေးဝေ့ကြည့်လိုက်လေသည်။ လေးညှို့နည်းတူ တခြားသောကျောင်းသားများကလည်း လိုက်လံကြည့်ကြလေသည်။

၅မိနစ်ကြာသည်အထိ မည်သည့်လှုပ်ရှားမှုများမတွေ့တာကြောင့် ဆရာမတစ်ဦးမှ အရှက်ပြေချောင်းဟန့်လိုက်လေသည်။

''အဟမ်း...အားလုံးပဲ တိတ်တိတ်လေးနေပေးကြပါ။ ကျောင်းသားမင်းရောင်ခြယ် ခရီးလွန်နေတာကြောင့် အဆင့်နှစ်ရသွားတဲ့ သားငယ်ဘုန်းမဟာသော်ပဲ စင်ပေါ်မှာနှုတ်ဆက်စကားပြောပေးပါနော်။''

မဟာ ထိုင်နေရာမှထရပ်လိုက်ပြီး ခန်းမစင်ရှိရာသို့ တစ်လှမ်းချင်းလျှောက်လို့လာလေသည်။ အနက်ရောင်ဆံနွယ်တစ်ချို့ကို​ သေသပ်စွာဖြီးသင်ထားပြီး စမတ်ကျစွာပြင်ဆင်ထားသည့်မဟာကို ကြည့်ကာ ကျောင်းသူတစ်ချို့၏ အာမေဋိတ်သံများက ခန်းမအတွင်းဆူညံသွားခဲ့လေသည်။

ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) CompletedWhere stories live. Discover now