Story 16

1.5K 80 5
                                    

Unicode
................

လေးညှို့မျက်လုံးအဝိုင်းသားဖြင့် မော့ကြည့်မိတော့ တွေ့လိုက်ရသောသူ။

"အဆင်ပြေရဲ့လား။"

ထိုသို့မေးပြီး လက်လေးကမ်းပေးလာသည်။လေးညှို့ကြည့်လိုက်တော့ ပုဝါလေးတစ်ထည်ဖြစ်နေပြီး သူလည်းထိုပုဝါလေးကိုမဆိုင်းမတွ ယူလိုက်လေသည်။

"ကျေးဇူးပါ"

" မင်း လမ်းလယ်ခေါင်ကြီးမှာ တစ်ယောက်တည်းထိုင်ငိုနေတာ မသင့်တော်ဘူးနော်။ ပြဿနာတစ်ခုခုများ ရှိလို့လားမသိပေမဲ့ အချိန်အကြာကြီး အပြင်မှာမနေသင့်ဘူး"

"ဟုတ်.... ဒီတိုင်း စိတ်ဖိစီးမှု နည်းနည်းများသွားလို့ပါ....ရွှတ်"

ထိုသူပေးထားသော လက်ကိုင်ပုဝါလေးပေါ်သို့ နှပ်များအားရပါးရညှစ်ချလိုက်လေသည်။ ပြီးနောက်ပုဝါအားပြန်ပေးလိုက်ကာ ကျေးဇူးတင်စကားဆိုသည်။

"ကျေးဇူးတင်ပါတယ်။ ဒါနဲ့ခဗျားပုဝါ"

"ရပါတယ်... ယူထားလိုက်ပါ။"

"အင့်...ဟုတ်"

မျက်ရည်လေးတွေကို ထပ်သုတ်လိုက်ပြီးနောက် ခေါင်းလေးငုံ့သွားကာ ထိုင်ရာမှထရပ်လိုက်လေသည်။ ထိုသူကလည်း ထွက်သွားဟန်ပြင်နေတာကြောင့်....

"ခဏနေပါဦးဗျ။ ခဗျားပုဝါလေးပြန်ပေးချင်လို့။ ဒါနဲ့ ခဗျားက ကျွန်တော်နဲ့ကျောင်းတူတယ်ထင်တယ်နော်။ ဘယ်အတန်းကိုလာပေးရမလဲဟင်"

"ရ....အင်း...ဒုတိယနှစ် တန်းခွဲAကို လာခဲ့ပေးပါ"

"ဟုတ်...နာမည်လေး"

"မင်းနာမည်ကျ အရင်မပြောပဲနဲ့။"

"အာ...ဟုတ်သားပဲ။ လေးညှို့သခင်ပါဗျ"

"ဪ...ဟိုမာနမင်းသား လေးညှို့သခင်လား"

"ဗျာ???"

"ဘာမှမဟုတ်ပါဘူး။ ကိုယ့်နာမည် သတိုးတာယာ။ တွေ့ရတာဝမ်းသာပါတယ် ကြောင်ပေါက်လေး"

သတိုးတာယာဆိုသူက လေးညှို့၏ခေါင်းလေးကိုပုတ်ကာ ထွက်သွားလေတော့သည်။ လေးညှို့ကတော့ ဘာပြောကောင်းမလဲ။ သူငယ်ချင်းလေး သတိုးတာယာကို ခုလိုအရှင်လတ်လတ်ကြီးပြန်တွေ့ရလိမ့်မည်လို့ပင်။

ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) CompletedWhere stories live. Discover now