Story 3

2.3K 132 15
                                    

Unicode
................

''....ဟူး....ဟင်း..ဟောဟဲ...ဟောဟဲ''
(မောဟိုက်သံ မထွက်တတ်၍ gomen)

နဖူးမှချွေးများစီးကျလာကာ ရင်ဘတ်ဖိပြီး အသက်ကိုမနည်းလုရှူနေရသူ။ မျက်လုံးများက ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်လိုက်တော့ မြင်ဖူးနေကျအခန်းတစ်ခု။

ခရမ်းရောင်မျက်နှာကျက်၊ ရွှေရောင်တဖိတ်ဖိတ်တောက်ပနေသော အခန်းမီးဆိုင်းအပြင်အဆင်။ သေချာပါသည်...ဒါက လေးညှို့သခင်၏ အိပ်ခန်းတွင်းပင်။

မျက်ဝန်းများကိုပွတ်ကြည့်ပြီး မယုံနိုင်ဖြစ်နေရသည်။ သေချာသည်က သူသေဆုံးသွားခဲ့ရသည်မဟုတ်လား။ အဘယ်ကြောင့်မိမိ၏အခန်းထဲသို့ ပြန်ရောက်နေရသည်နည်း။

မီးအိမ်တင်ထားသည့် စားပွဲပေါ်မှဖုန်းကိုနှိပ်ကြည့်လိုက်တော့ မနက်သုံးနာရီသာရှိသေးသည်။ အချိန်ကစောလွန်းနေပြီး လေးညှို့အားမျက်လုံးပြူးသွားစေသည့်အရာကား နေ့စွဲတစ်ခု။ ဟုတ်ပါသည် နေ့စွဲတစ်ခု။ ထိုနေ့စွဲက လွန်ခဲ့သော နှစ်နှစ်က အထက်တန်းစတက်ဖို့ St.Victoria ကျောင်းဝင်ခွင့်ရတဲ့ ပထမဆုံးနေ့ ဖြစ်လို့နေသည်။

''ငါ...ငါဘယ်လိုလုပ်ဒီအချိန်ကိုပြန်ရောက်လာတာလဲ။ ငါ...ငါသေသွားပြီမဟုတ်လား။''

''.......''

ဖုန်းစခရင်ကို သေချာစွာကြည့်နေရင်း သူဝေခွဲမရဖြစ်လို့နေသည်။ နံရံကတိုင်ကပ်နာရီကြီး၏ တစ်ဂျက်ဂျက်မြည်နေသော 
အသံတွေပင် အတိုင်းသားကြားနေရသည်။

တွေးရင်းဇောချွေးများပင် ပိုလို့ပြန်လာရပြီး ကြောက်ရွံ့မှုများက ထိန်းမရခဲ့တော့။ မသေခင် မိမိ၏ညီဖြစ်သူမှ ပြုံးပြခဲ့သောလှောင်ပြုံးကြီးကို ပြန်တွေးမိလျှင် ကျောချမ်းစရာပင်။

''ဒါဆိုငါပြန်ရှင်လာခဲ့တာလား။ ဘုရားက ငါ့ကိုဒုတိယအခွင့်အရေးပေးတဲ့သဘောပေါ့။''

လေးညှို့တွေးရင်း အပြုံးကြီးတစ်ခု ချိတ်ဆွဲလိုက်လေသည်။ သူ၏အပြုံးများက ကျေနပ်ကာ ကျောချမ်းစရာကောင်းလောက်အောင် ပီသလို့နေသည်။

''ဟ....ဟားဟား.... တကယ်ကြီးပြန်ရှင်လာတာပဲကိုး...ဟက်''

မိမိ၏လက်ကိုဆွဲဆိတ်ကြည့်တော့ နာကျင်မှုကိုခံစားမိ၍ အိပ်မက်မဟုတ်မှန်းသိသွားခဲ့လေသည်။

ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) CompletedOpowieści tętniące życiem. Odkryj je teraz