[၈]|Unicode

5K 521 23
                                    

ဘယ်လိုနှဲ့နှဲ့ နဲ့မလာသော သစ်ငုတ်ကြီး​
ကြောင့် ညိုမြလွင်တစ်ယောက် အတော်ခေါင်းခြောက်နေရသည်။

သူ၀င်ရောက်နေရသော ခန္ဓာကိုယ်ပိုင်ရှင် အမျိုးသားငယ်လေး၏ ရုပ်ဆင်းအင်္ဂါက လမ်းမှာတွေ့လျှင့် သုံး၊လေးခါမက လည်ပြန်ငေးရလောက်သည့် ဥပဓိရုပ်ကလေးမျိုးရယ်ပါ။

ဦးနေအခရာက အဖြောင့်မလို့ စိတ်၀င်စားတာများလားလို့တွေးရအောင်ကလည်း ဦးနေအခရာကိုယ်တိုင် ဒီခန္ဓာကိုယ်ပိုင်ရှင် ကျေးညိုကို လိုလိုလားလား လက်ထပ်ခဲ့ခြင်း။

ဒါများဖြင့် ဘာကြောင့် ဒီလူကြီးက သူ့အပေါ်မှာ အေးခဲနေပြီး ရာသက်ပန်အရည်မပျော်နိုင်မဲ့ ရေခဲတုံးကြီးလို ပြုမူနေရပါသနည်း။

နေပါစေပေါ့ ... ဒီအခြေအနေတိုင်းလည်း သူ့မှာ အနေအစားချောင်နေတာပါပဲ။ ဒီလူအိုကြီးကို စိတ်ထဲထည့်နေစရာကို မလိုတာမဟုတ်လား ။

ဒီလူကြီးကို စိတ်၀င်စားနေမဲ့အစား မင်းပုံနဲ့ပဲတည့်အောင် ပေါင်းပြီး ဒီခေတ်တစ်ခွင်ရဲ့ အချောစာရင်း၀င် အလှပဂေးတွေကို
နယ်လှည့်ရှာပြီး စက္ခုအစာကျွေးနေတာမှ ပိုအဓိပ္ပာယ်ရှိဦးမည်။

ဒါမှမဟုတ် ဒီနေ့ နေ့တွင်းချင်းပဲ ဆောင်ကြာမြိုင်တစ်ခွင် ခြေဆန့်ကြည့်ရင် ကောင်းမလား။ ဒါပေမဲ့ ဒီအကြံဟာ အသွားမတော် တစ်လှမ်းဆိုတဲ့ စကားပုံလို သူ့ခေါင်းဖြတ်ခံရမဲ့အရာလည်း ဖြစ်သွားနိုင်သည်သာ။

ဘယ့်နှယ့် .. လင်ငုတ်တုတ်ရှိတဲ့ အမျိုးသားငယ်လေးက ဆောင်ကြာမြိုင်အမျိုးသမီးတွေနဲ့ ပရာပရီလုပ်နေပါတယ်ဆိုတဲ့ သတင်းများထွက်လာရင် မကောင်း ။

အထူးသဖြင့် ငုတ်တုတ်ဆိုတဲ့လင်ကြီးက အရေးပိုင်ဦးနေအခရာဖြစ်နေခြင်းဟာ ကြောက်ကိုကြောက်သင့်သည့်အချက်။

အသက်ကို ညဏ်စောင့်ဆိုတဲ့ စကားကို ကြားဖူးတယ်မလား ညိုမြလွင် !
ဖွန်မကြောင်ရတာ ဘာမှ ဖြစ်မသွားဘူး ။
လည်ပင်းပေါ်မှာ ခေါင်းဆက်ရှိနေဖို့ပဲ အရေးကြီးတယ် ..

တကယ်တော့ ဒီနေ့ သူအိပ်ယာမှ နောက်ကျစွာ နိုးလာခြင်း။
နိုးနိုးလာချင်း ခါတိုင်းနေ့တွေလို မင်းချစ်လွန်းပုံအား မတွေ့။

အရေးအပိုင်မင်းအား အပိုင်ကြံခြင်းWhere stories live. Discover now