သူ၏ မျက်၀န်းထဲတွင် ဘယ်လောက်တောင် ပမာဏများတဲ့ ချစ်ရည်ချစ်ရိပ်တွေ ဖြည့်ထားမိလဲမသိ။ ထိုလူကြီးကလည်း သူ့အပြောတွေအောက်မှာ ကျရှုံးသွားပြီထင်။ ရောက်နေပြီဖြစ်တဲ့အသက်အရွယ်ကိုမှ အားမနာဘဲ အရှက်ကြီး ရှက်ပြကာ လည်ဂုတ်ကို နေရခက်စွာ ပွတ်သပ်နေ၏။
" ဦးက ကျေးညိုကို ကလေးလေးမမွေးစေချင်လို့လားဟင် "
အနည်းငယ် ၀မ်းနည်းယောင်မျက်နှာပေးလေးဖြင့် မျက်ဝန်းလေးများအား အားငယ်ဟန်ပြုလုပ်ကာ မေးလေတော့ ,
" မမွေးစေချင်ဘဲ နေမလား၊ မင်းနဲ့ကိုယ့်ရဲ့ ရင်သွေးလေးတွေ ကိုယ်က အများကြီး လိုချင်တာပေါ့၊ ၉လတစ်ယောက်နှုန်းနဲ့ "
" ဦး.. !"
ချက်ချင်းနီရဲတက်လာသည့် ထိုကောင်လေး၏ ပါးပြင်ဟာ မှည့်နေပြီဖြစ်သော ခရမ်းချဥ်သီးလုံးလေးနှင့်ပင်တူလှသည်။
သူ့လိုလူကို ရှက်အောင် တမင်လာ စ ချင်တဲ့ကောင်လေးကို နေအခရာကလည်း အတည်ပေါက်နှင့် စကားနာပြန်ထိုးကာမှ တော်ရာကျမည် မဟုတ်လား ။
လင်ယူသားမွေးကိစ္စတွေကို ရှက်ကြောက်နေရအောင် သူ့အသက်က ဆယ်ကျော်သက်လေးလည်းမဟုတ်ရပါဘဲ အိမ်ထောင်ပြုရ
မည့်အရွယ်ကိုပင် သိသိသာသာ ကျော်လာခဲ့ပြီးပြီသာ။လူကြီးကို လာစ တုန်းက စပြီး ပြန်စကာမှ ပြေးပေါက်မှားအောင် ရှက်ရွံ့ပြနေတဲ့ကောင်လေးဟာ သူ့လိုလူရဲ့မျက်လုံးထဲမှာတောင် ဟန်ဆောင်နေခြင်းလားတကယ်လားဆိုတာ ခန့်မှန်းရခက်နေသည်။
ဒီကောင်လေးက စတွေ့တုန်းကနဲ့မတူ တမူထူးခြားနေခဲ့သည်မှာ ရက်အတော်ကြာပြီ။
ဒီကောင်လေးက သူထင်ထားသလို ပုဏ္ဏကရဲ့လူဆိုရင် သူရှင်းပစ်လိုက်ပစ်ဖို့ ၀န်မလေး။အခု ဘာမှ မသေချာသေးတဲ့အခြေအနေမို့ အပျင်းပြေ အလိုက်အထိုက်နေပေးနေခြင်းသာ။
ကိုယ့်ခြံထဲက ကြက် ဘယ်အချိန် ရိုက်သတ်သတ် သတ်လို့ရတယ်ဆိုတဲ့စကားမျိုး ရှိတယ်မလား !သူက ထိုကောင်လေးနဲ့ အဲ့သည်လို ဆက်ဆံရေးမျိုး ရှိနေရုံပင်။
" ဦး .. ကျွန်တော့်ကို ရှက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာ အတိအကျကို သိတာပဲ !"
YOU ARE READING
အရေးအပိုင်မင်းအား အပိုင်ကြံခြင်း
General Fictionအရေးပိုင်မင်းကြီးနဲ့ တိတ်တိတ်ပုန်းလက်ထပ်ထားရတဲ့ အညတရကောင်လေးတစ်ယောက်အဖြစ် သူဟာ ၁၉ရာစုနှစ်တွေဆီ ၀ိညာဥ်ကူးပြောင်းလာခဲ့ရတယ် ... မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ ကြောင့်သာ အရေးပိုင်မင်းကြီးကို စွဲဆောင်နေရတယ်လို့ သူခံယူထားပေမဲ့ တစ်ဖြည်းဖ...