[၁၅]|Zawgyi

734 30 5
                                    





" အာ့ .. ဉီး .. ဖြေးဖြေး .. ဟင့်
အရမ်းမလုပ်နဲ့လို့ "

မျက်ရည်များပင် ပို့ပို့ပေါက်ပေါက် ကျလာသည်အထိ သူငြီးငြူနေမိသည်။

ဒါမျိုးကြုံဖူးတာ သူ့ဘ၀ မှာ ပထမဆုံးအကြိမ်မဟုတ်လား ။
ကြုံဖို့မပြောနဲ့ တွေးတောင် မတွေးခဲ့ဖူးဘူး ။

ယောက်ျားတစ်ယောက်ဖြစ်သော်လည်း နုနယ်လွန်းပြီး အားနွဲ့တဲ့ ခန္ဓာကိုယ်နဲ့သူဟာ
ဒီလိုနာကျင်မှုကို ဘယ်ခံနိုင်မှာလဲ ။

ဉီးဘက်က ငြင်သာမှုမရှိ၊ အပြုအမူတိုင်းကို ကြမ်းကြမ်းတမ်းတမ်း လုပ်နေတော့ နာကျင်မှုတို့ဟာ ပိုဆိုးလာသည်။

" ဟင့် နာတယ်လို့ ! ဉီးနေအခရာကြီးရဲ့ "

" မင်းအပေါက်ကို ပိတ်ထားစမ်း
နားညီးတယ် "

ဉီးဟာ လက်တွေ့မှာကြမ်းတမ်းရုံတင်မဟုတ်။
အပြောအဆိုဟာလည်း ကြမ်းတမ်းနေ၏။

လူဆိုးကောင်ကြီး ဉီး !

အပေါက်တစ်ခုပိတ်ချင်ရင် အကောင်းဆုံးနည်းက တစ်ခုခုနဲ့ ဆို့ပေးထားတာပဲဆိုတာ လူကြီးဖြစ်ပြီးမသိဘူးလား ..

" ဟင့် .. "

" ငါမင်းကို ဆေးထည့်ပေးနေတာနော်
တခြားသူကြားရင် တက်လုပ်နေတယ်ထင်ဉီးမယ် "

" ဉီးသာ တက်လုပ်ရင် ကျွန်တော်က 'ဖြေးဖြေးတို့ အရမ်းမလုပ်နဲ့တို့ အော်မယ်ထင်လား'
ဆန့်ကျင်ဘက်ပဲ ဟွန်း .. "

သူ့ရဲ့ ငြူစူသလို နှုတ်ခမ်းလေးထော်ပြီးပြောတဲ့စကားကိုကြားတော့ ဉီးက ဟက်ကနဲ တစ်ချက် ရယ်လိုက်သည်။

" မင်းဖြစ်ချင်တဲ့အရာကို လုပ်လိုက်ရင်
အဲ့တာ အပြစ်ပေးတယ်လို့ ဘယ်ခေါ်မလဲ
အဲ့တာ ဆု တစ်ခုလိုဖြစ်နေမှာပေါ့ "

ထိုစကားဟာ ဒီနေ့ တစ်နေ့တာအတွက် ဉီး သူ့ကို ပြုံးပြီး ပြောတဲ့ ပထမဆုံး စကား ။

ဉီး သ၀န်တို အောင် လုပ်ချင်ခဲ့ပေမဲ့ ဉီးရဲ့သ၀န်တိုပြီး လူလည်ဆန်တဲ့ ပုံစံကြီးကိုတော့ သူအမြင်ကတ်သွားပါပြီ။

သ၀န်တိုပြီး အချစ်ကြမ်းကြတဲ့ ဘဲကြီးတွေပဲ သူ​မြင်ဖူးတာ ..
ဒီလို အပြစ်ပေးကြမ်းတဲ့ လူကြီးကိုတော့ မမြင်ဖူး !

အရေးအပိုင်မင်းအား အပိုင်ကြံခြင်းWhere stories live. Discover now