[၂၁]|Unicode

3K 256 15
                                    



" အခြေအနေတွေဆိုတာ အမျိုးမျိုး ပြောင်းလဲနေတာလေ မင်းပုံရယ် "

ကျေးညိုဟာ သူပြောစကားတွေကို အဖက်လုံး၀ မလုပ်ဘဲ အိပ်ဆောင် တစ်ခုလုံးကိုသာ သိမ်းကျုံး သန့်ရှင်းရေး လုပ်နေသည့် မင်းပုံအား   တရစပ် စကားဆိုနေမိသည်။

မင်းပုံကတော့ သူ့ကို စိတ်ဆိုးနေတာ သိသာစွာ စကားလုံး၀ကို ပြန်မပြော။ တိတ်ဆိတ်မှုဖြင့်သာ စိတ်ကောက်နေကြောင်း ဆန္ဒပြသည်။

သူကတော့ အမှားလုပ်ထားသူ ပီပီ စကားကို မပြတ်တမ်းပြောက ဆင်ခြေဆင်လက်ဆင်နားရွက်များအပေးနေမိ၏။

" စိတ်ခံစားချက်ဆိုတာလည်း ပြောင်းလဲနိုင်တာပဲ မဟုတ်လား ၊ ငါ့စိတ်ကိုက အဲဒီလူနဲ့ ပတ်သတ်ရင် မတည်ငြိမ်နိုင်တာ ဘယ်လို လုပ်ရမလဲ မင်းလည်း အချစ်အကြောင်း သိမှာပဲကို စိတ်ကောက်မနေပါနဲ့တော့ "

မင်းပုံက ဒီတစ်ခါတော့ သူ့ဘက်အား လှည့်လာပြီး သက်ပြင်းကို ဖြေးညင်းစွာ ချလိုက်ကာ ,

" ကျုပ် စိတ်မကောက်ဘူး သခင်လေး
စိတ်ပူသွားတာ ၊ ကျုပ်မှာတော့ ကျုပ်ကြောင့်လွဲချော်သွားမှာစိုးလို့ ညတောင် မအိပ်ဘူး ၊ မြင်းလှည်းကြီး ပြင်ဆင်ပြီး လမ်းဆုံးထိပ်မှာ စောင့်နေခဲ့တာ ၊ မိုးလင်းတော့ သခင်လေး ရောက်မလာလို့ သခင်လေးကို ဖမ်းများချုပ်ထားကြလား အတွေးနဲ့ ကယ်ဆယ်ဖို့ လာခဲ့ပြီး မြင့်မြတ်တဲ့အဆောင်နားက ကင်းစောင့်တွေကိုတောင် မမေးမမြန်းဘဲ နပမ်း၀င်လုံးခဲ့မိတာလေ ၊ ပြီးကာမှ သခင်လေးက သခင်ကြီးလက်မောင်းကြီး တွဲပြီး ဟီးဟီးဟီးဟီးနဲ့ ထွက်ချလာတာ ကျုပ်တစ်ယောက်ထဲကပဲ ပုန်ကန်သူကြီးကျလို့ ! "

မင်းပုံက ၎င်းကဲ့သို့ စကားရှည်ကြီးဖြင့် သူ့အား အမှန်တရားလက်ကိုင်ပြုကာ နှိပ်ကွပ်လေတော့ သူ့မှာ မျက်နှာလေးဇီးရွက်လောက်နှင့် ပြောစရာစကားပျောက်ရှသွားရသည်။

တကယ်လည်း သူ့ဘက်က လွန်တာပင်။
ဘယ်တတ်နိုင်မလဲ .. ကံဇာတာကိုက လင်တရူးရမဲ့ ကံပါလာတာပဲနေမှာ ။

အရေးပိုင်ဘက်က ဘာမှတောင် မချော့ရသေး၊
သူ့ဘက်က ဖော့ဖယောင်းလို ပျော့ချင်နေပြီ။

အရေးအပိုင်မင်းအား အပိုင်ကြံခြင်းWhere stories live. Discover now