{3}

2.9K 305 3
                                    

မင်းကို ဘယ်နည်းနဲ့မှ...
အဆုံးရှုံးခံမှာ မဟုတ်ဘူး...
ပတ်ခ်ဂျီမင်....

အကိုနမ်ဂျွန်းပြောတဲ့..
စကားတွေကို ဂျောင်ကု...
ပြန်ကြားယောင်နေမိတယ်....

"သူပြောသလို...ဂျီမင်..သူ့အပေါ် ပြန်ချစ်သွားခဲ့ရင်ကော...."

"ဟင့်အင်း...မဖြစ်ဘူး..."

တစ်ယောက်တည်း အရှုးကြီးလို....
စကားတွေ ပြောနေမိရင်း...
ဂျီမင့်ကို ဆုံးရှုံးရမည် ဆိုတဲ့...
အတွေးကြီးက ဂျောင်ကုကို...
လွှမ်းမိုးလာသည်....

"သူ့ကို ချစ်နေပြီထင်တယ်..."

"အင်း...အမြန်ဆုံး သူ့ကိုပြောပြရမယ်...."

အတွေးတွေဟာ လက်တွေ့နဲ့....
မတူနိုင်ပါ....ချစ်နေတယ်ဆိုတာထက်...
အရင်လူကြောင့်များလား ကိုလဲ ဂျောင်ကု...
ကိုယ်တိုင်တောင် မသိ....

ဂျောင်ကု တစ်ယောက်
အိပ်လို့တောင်...မပျော်ပါ....

ဒေါက်__ဒေါက်__ဒေါက်__

ရုတ်တရက် တံခါးခေါက်သံကြောင့်....
အတွေးတို့မှာ လက်စသတ်သွားရပြီ....

"ဘယ်သူလဲ ?? "

"အာ...အာရာ..ပါဂျွန်..."

စိတ်ပျက်စရာ ထပ်ပြီး ဒိီမိန်းမပဲလား.....

"အင်း...."

တံခါးဖွင့်ပေးမိလိုက်တော့...
အာရာ ၀တ်ထားတဲ့ ပုံစံဟာ
သိပ်ကို စိတ်ပျက်စရာ...

ခပ်ပါးပါး ညအိပ်၀တ်စုံကို...
မလုံတလုံ ၀တ်ထားပြီး....
ရေမွှေးနံ့ဟာလဲ ခပ်သင်းသင်း...

"​ဂျွန်...အာရာ ပြောပြမယ်...ဂျေးမင်...သူ့ကို ဘားတစ်ခုမှာ တွေ့တယ်တဲ့...."

"ဘာ !!!! "

အကို ဂျေးမင်....
တစ်ကယ်ပဲ အကိုလား....

"အာရာ တစ်ကယ် ပြောတာ ဂျွန်...."

"အခုလိုက်သွားရအောင် !!!! "

အလျင်လိုနေတဲ့ ဂျောင်ကု...
ချက်ချင်းလိုပဲ....ကားသော့
ယူပြီး ပြေးဆင်းသွားလိုက်တယ်....

"ဂျောင်ကု...ဘယ်သွားမလို့လဲ...."

ဘယ်အချိန်ကတည်းကရောက်နေမှန်း....
မသိတဲ့ ဂျီမင့်အသံကိုတောင်...
ဂျောင်ကု ဂရုမစိုက်မိ....

အတိတ်💔   [Compelet]Where stories live. Discover now