{4}

2.8K 301 4
                                    

စိတ်ထဲမှာ ဖြစ်နေတာ ဘယ်လိုမှန်း မသိ.....
သိပ်ချစ်ပါတယ်ဆိုတဲ့ ဂျေးမင် ပြန်ရောက်...
လာတာပဲ...ဘာကြောင့် မပျော်တာလဲ....

"ဟူး......"

သက်ပြင်း တစ်ချက်ချလိုက်မိတယ်....
ဂျီမင်...အရာရာမှာ မင်းသိပ်စိုးမိုးနိုင်တယ်....

"ဂျွန်...."

ရုတ်တရက် ဂျေးမင်ရဲ့ ခေါ်သံကြောင့်....

ဆွဲကာ ရင်ခွင်ထဲ ထွေးပွေ့ထားမိတယ်....

"နောက်ဆို...ဂျွန့် အနားမှာပဲ နေပါနော်...."

"အင်းပါ ဂျွန်ရဲ့....အု..."

ရုတ်တရက် နမ်းလိုက်တဲ့...ဂျောင်ကု...

ဒိီအနမ်း...ဟုတ်တယ်...
ဂျီမင့် အနမ်းတွေလောက် မချိုဘူး....

အကို ဂျေးမင်...ဂျွန့် စိတ်တွေ..
ဘယ်လိိုမှန်းမသိနိုင်တော့ဘူး...

"အကို အိပ်တော့မယ်နော် ဂျွန်..."

"အင်း အကို...."

စိတ်တွေက ရှုပ်ထွေးနေလိုက်တာ....
အကိုဂျေးမင်...ဂျွန် ချစ်တဲ့ အကိုဂျေးမင်...
ဂျွန့် ရွေးချယ်မှုက မှန်ကန်ပါရစေ....
~~~~~~~~~~~~~~~~
မနက်ခင်းရဲ့ နေရောင်ခြည်နုနုဟာ...
သိပ်ကို နွေးထွေးလွန်းတာပေါ့...

"ဂျီမင်...ဒီမှာ အကို ဂျီမင့် အတွက် မနက်စာပြင်ပေးထားတယ်...."

အကိုနမ်ဂျွန်းရဲ့ ခေါ်သံကြောင့်....
စားပွဲပေါ်ကို ကြည့်မိတော့...

ပေါင်မုန့် မီးကင် နဲ့ နွားနို့ ပူပူလေးက...
စားပွဲထက်မှာ လှလှလေး နေရာယူထား...

"အာ...ကျေးဇူးပါ အကိုနမ်ဂျွန်း..."

"အင်...."

ခပ်ဖွဖွလေး ပြုံးပြတဲ့ အကိုနမ်ဂျွန်း....
ပါးချိုင့် နက်နက်တို့နဲ့ အကိုကလဲ....
ခန့်ညားလွန်းတာပဲ....

အကို့ အပြုံးတွေက...
ဂျောင်ကုထက်တော့ နွေးထွေးပါသေးတယ်....

"ပတ်ခ်ဂျီမင် !!! "

အေးစက်စက် ဂျောင်ကုရဲ့...
ခေါ်သံကြောင့်...ဂျီမင်..
ကျောချမ်းမိတယ်....

"ကိုယ်...အဲ့ စားပွဲပေါ်က မနက်စာကိုစားချင်တယ်...ကိုယ့်ဆီယူလာခဲ့...."

အတိတ်💔   [Compelet]Where stories live. Discover now