15

2.4K 236 10
                                    

ဂျောင်ကု ပြောသမျှ မယုံတတ်တဲ့ သူက....
ဂျောင်ကု ကို ယုံနေခဲ့ပြီ ဆိုလျှင်ကော....။

ဂျောင်ကု အိမ်မှာ မရှိသည်မို့ ပျင်းပျင်းရှိကာ ခြံ၀န်းကျယ်ထဲ လမ်းထွက်လျှောက်ရင်း ခုံတန်းရှည်ကိုမြင်မိတော့ အကိုနမ်ဂျွန်း ကိုတောင် သတိရသွားသည်။

ခြံ၀န်းထဲ ၀င်လာတဲ့ လူတစ်စုနဲ့ အာရာ....

"မတွေ့ရတာ ကြာပြီပဲ ဂျီမင်...."

"အာရာ..."

"မင်းကြောင့် ငါကအပြစ်မရှိပဲ ဂျွန်ပြောဆိုတာကိုခံခဲ့ရတာ...."

"ဘာ "

ဒုတ် * အာ့*

သူမတွေ့လိုက်ရလို့ အံ့သြရုံသမျှသာ ရှိသေး ဦးခေါင်းကို ထိခိုက်လာတဲ့ အရာတစ်ခု....

"သခင်လေး...အားး...နင်တို့ မခေါ်သွားနဲ့ သခင်လေး အ့..."

အိမ်အကူမိန်းကလေးတစ်ယောက်က၀င်တားပင်မဲ့ အချည်းအနှီး....

"ဂျွန်....ဂျွန်သခင်လေး...."

ချက်ချင်းလိုပဲ အိမ်အကူတစ်ယောက်က ပြေးလွှားကာ ဖုန်းဆက်လိုက်ပင်မဲ့....

တကယ့်အမှန်ကိုပြောတာမဟုတ်....

"ဂျွန်သခင်လေး အကိုလေးဂျီမင် အိမ်တော်က ထွက်ပြေးသွားပါပြီ...."

*ဘာ နင်တို့စောက်သုံးမကျတဲ့ ဟာတွေ.....ငါအခုလာခဲ့မယ်....*

" ဟို ဂျွန်သခင်လေး အခုလာရင် လမ်းမကြီးဘက်လောက်မှာပဲ တွေ့နိုင်ပါတယ်..."

မဲ့ပြုံး တစ်ချက်ပြုံးကာ ဖုန်းချလိုက်တယ်။

"မိုအာ...ဂျွန်သခင်လေးက ဘာတဲ့လဲ...."

"သူ....သူ လိုက်မယ်တဲ့..."

ဂျောင်ကု တစ်ယောက်လဲ တစ်ကိုယ်လုံး ပူထူသွားကာ....လူပျောက်တိုင်ဖို့ ရဲစခန်းကို အရင်သွားလိုက်တယ်။

ဆိုရှယ်မီဒီယာ ပေါ်မှာလဲ....လူပျောက် သတင်း တင်လိုက်တာမို့...ဂျီမင့်ကို အလွယ်တကူ တွေ့နိုင်မယ်ထင်သည်....

ဂျီမင် ထွက်သွားတာ အချိန်အားဖြင့် ၂နာရီခန့် ရှိတော့မယ်

ရုတရက် ဖုန်း၀င်လာတာမို့....

"အကိုက လူပျောက်တိုင်ထားတဲ့ တစ်ယောက်လားမသိဘူး...."

အတိတ်💔   [Compelet]Tempat cerita menjadi hidup. Temukan sekarang