16

2.3K 234 8
                                    

လဲကျသွားတဲ့ ခန္ဓာလေးကို ဆေးရုံး အမြန်ခေါ်သွားလိုက်ပြီး....ဆရာ၀န်ဆီက အဖြေကိုသာ စောင့်နေလိုက်သည်...။

"ဂျွန်သခင်လေး...."

ရုတ်တရက် အလန့်တကြားပြေးလာတဲ့ အိမ်အကူကောင်မလေး...ကြောင့် မျက်မှောင်ကြုံ့ကြည့်လိုက်တော့...သူတစ်ခုခုကိုပြောဖို့​ကြိုးစားနေတယ် ထင်သည်...။

"ဂျွန်ဂျောင်ကု...ဟုတ်ပါတယ်နော်..."

"ဟုတ်ပါတယ်..."

"ဆေးစစ်ချက်ရပြီ...."

ဆရာ၀န်နောက်ကိုသာ လိုက်သွားလိုက်ပြီး...ဂျီမင့်ဆေးစစ်ချက်ကိုသာ စောင့်နေလိုက်သည်...။

စိတ်ဓာတ်မာသည့် ပုံစံနဲ့ ပတ်ခ်ဂျီမင်ဟာ...အလွန်တရာကို နူးညံ့တာပင်...။

"အကြောက်လွန်ပြီး ဖြစ်သွားတာပါ...ဒါပင်မဲ့ ဦးနှောက်ကတော့...သူမေ့ပစ်ချင်ဆုံးအရာတွေကို အလိုလိုမေ့ပစ်တာမျိုး ဖြစ်သွားလိမ့်မယ်.....သူပြန်မှတ်မိလာနိုင်ခြေကတော့...လူနာအပေါ်မှာ မူတည်လိမ့်မယ်...."

"အင်း..."

ဟူး~~ သက်ပြင်းတစ်ချက်ချလိုက်ပြီး...ဂျီမင် ရှိတဲ့အခန်းကိုပြန်လာလိုက်သည်...။

ပြန်ရောက်တော့ ကလေးက နိုးနှင့်နေပြီ...။

"ဂျီမင်...."

"ဘယ်...ဘယ်သူလဲ...."

"ဟမ်..မောင်လေ ဂျီမင်ရဲ့..."

"မောင်...မောင်က ဘယ်သူလဲ..."

သူ...သူတကယ်ပင်မေ့သွားတာလား....။

ဆရာ၀န်ပြောသလိုသာဆို....သူအမေ့ပစ်ချင်ဆုံးအရာထဲမှာ ကျုပ်ပါတာပေါ့...!!!

အခုအချိန်မှာ ဂျောင်ကုတွေးလိုက်မိတာက..အသစ်တစ်ယောက်လို ဖြစ်သွားတဲ့ ဂျီမင်ကို...အတိတ်ကထက် အကောင်းဆုံး ချစ်ပေးဖို့ပင်...။

မင်းကို လိမ်သင့်ရင်လဲ လိမ်နိုင်ရမှာပဲပေါ့...ပတ်ခ်ဂျီမင်ရယ်...။

"မောင်က မင်းယောကျ်ားလေ မောင်တို့က အရမ်းချစ်ကြတာ..."

"ဟမ်...တကယ်လား....."

ကလေးလေးတစ်ယောက်လို မျက်နှာထားနဲ့ ပြူးကြည့်တော့ ဂျောင်ကုပင်အသဲယားမိတာအမှန်....

အတိတ်💔   [Compelet]Where stories live. Discover now