Part 6

2.9K 438 55
                                    

Unicode~

အတ္တလန်တာမြို့က မနက်လင်းကြက်တွန်သံကြားရတာနဲ့ ဆူဆူညံညံသက်ဝင်လှုပ်ရှားသည်။
ထိုအချိန်ဆို စိတ်ထဲရှိသမျှ အတိတ်ရဲ့ပုံရိပ်​တွေက ​မေ့​​မေ့​ပျောက်​ပျောက်။

"ချာတိတ်အပိုင် ကုန်​လှောင်ရုံ​တွေရှိ​တယ်ဆို"

မနက်စာစားရင်း Jeonနဲ့ မဆုံချင်ဘဲ ဆုံ​နေရပါတယ်ဆိုမှ Jeon​​မေးတဲ့​မေးခွန်း​ကြောင့် ​သောက်လက်စ ​ကော်ဖီက လည်​ချောင်းမှာ တစ်ဆို့သွားရသည်။

Jeon မျက်နှာကို ​စေ့​​စေ့ကြည့်သည်၊ အကဲခတ်သည်။ ဒီလူဟာ ဦး​လေးရဲ့လူ..ဦး​လေး မျက်နှာသာ​ပေးထားသူ။ သူယုံသင့်ရဲ့လား သူ့​ဘေးမှာထားလို့ ဖြစ်ပါရဲ့လား။

"ခင်ဗျားက ဘာလုပ်ချင်လို့လဲ"

"ချာတိတ်ခုလို ကုန်​လှောင်ရုံကို အလကားထားမယ့်အစား ငှားစားသင့်တယ်​လေ။ အခုလိုအချိန်မှာ ကုန်​လှောင်ရုံ​တွေ ငှားတာ ဘယ်​လောက်အမြတ်ရလိုက်သလဲ"

ကုန်​လှောင်ရုံ​တွေက ခုလို အကြပ်အတည်းကာလမှာ မရှိမဖြစ်။ ပြည်နယ်​​ဒေါ်လာ​စျေးမငြိမ်မသက်ဖြစ်​နေချိန်မှာ ကုန်ပစ္စည်းများစု​ဆောင်းဖို့က အဓိက ဖြစ်လာသည်။
ဒီချိန်မှာ ကုန်​လှောင်ရုံ​တွေက အလွန်အသုံးဝင်တာမို့ အမြတ်များများ​စျေးတင်ငှားကြသည်။

"ကြိုက်သလိုလုပ်လိုက်"

ကုန်​လှောင်ရုံဆိုတာ Taehyungအတွက်​တော့ စားကြွင်းစားကျန်​လေးတစ်ခု။
မြင်ရတိုင်း မြင်လိုက်တိုင်း စိတ်နာရသည်။
သူပိုင်ဆိုင်သင့်တာ ဒီအသုံးမကျတဲ့ ကုန်​လှောင်ရုံ​ဟောင်းကြီးမှ မဟုတ်တာ။

Jeonက ထိုအချိန်မှစပြီး သူ့ရဲ့ ကုန်​လှောင်ရုံနဲ့ ပတ်သက်သမျှကို စီမံသည်။
တချို့အိမ်နီးချင်း​တွေက အလိုမကျ။
Jeonဟာ အထက်တန်းစားလူဖြူမှန်း သိသာသည့်တိုင် သူ့အ​ကြောင်း ဂဃနဏမသိတာကတစ်​ကြောင်း၊ Jeonဟာ အတ္တလန်တာရဲ့ ရပ်​ဆွေရပ်မျိုးမဟုတ်တာကတစ်​ကြောင်း မျက်မုန်းကျိုးကြသူများရှိသည်။

အတ္တလန်မြို့သူမြို့သားများက Taehyungကို ချစ်ကြသည်။ Taehyungအတွက် သက္ကလတ်ထည်​တွေ၊ မြက်ဦးထုပ်​တွေ စသဖြင့် လက်​ဆောင်လာ​ပေးကြသည်။
Taehyungကို ချစ်လွန်းလို့ပင် Taehyungပိုင်ဆိုင်မှုကိုလည်း သူကိုယ်တိုင်ဦးစီးလျှင်​ကောင်း​ပေလိမ့််မည်ဟု ထင်ကြသည်။

𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊𝒂 🥀Where stories live. Discover now