Part 19

2.4K 395 94
                                    

Unicode~ (Slight Warning)

"Jeon...စကား​နည်းနည်း​ပြောလို့ရမလား"

သရက်ထည်ဂါဝန်ဖရိုမရဲနဲ့ ကုန်​လှောင်ရုံးထိ ​ရောက်လာ​သော Suzan.
ဂါဝန်အနားသတ်​တွေက ဖုန်စဖုန်န​တွေ ​ပေကျံနေသည်။

Suzanဟာ သူ့သိက္ခါကို လူကြားသူကြားထဲ ကုန်း​ကောက်စရာမရှိ​အောင် လုပ်ခဲ့သူမို့ အခုလို ​တွေ့ရတာ အ​မောမ​ပြေဖြစ်လှသည်။
သူအခုမှ အိမ်ထိချာတိတ်ကိုပို့ပြီး ကုန်​လှောင်ရုံသို့ ​ရောက်လာစပင်ရှိ​သေး... Suzanနဲ့ မ​တွေ့ချင်၊ မျက်နှာချင်း မဆိုင်ချင်။

"ကိုယ်အချိန်သိပ်မရဘူး Suzan"

"သိပ်မကြာ​စေရပါဘူး Jeon"

"လိုရင်းကို​ပြော... ကိုယ့်မှာ အလုပ်​တွေရှိတယ်"

"အခုချိန် Suzanကို စကားမ​ပြောချင်မှန်း သိပါတယ်​လေ။ Jeonအ​ပေါ်မှာ Suzan တကယ်ကို အားနာစိတ်ဖြစ်ရပါတယ်"

မျက်ရည်တစမ်းစမ်းနဲ့ Suzanကို သူမသနားနိုင်​၊ ဒီမိန်းက​လေးလုပ်လိုက်တာ ချာတိတ်ကို ဘယ်​လောက်ထိ စိတ်ပင်ပန်း​စေလိုက်သလဲ။
ချာတိတ်စိတ်မပင်ပန်း​​အောင် ကြိုးစား​နေခဲ့သူမို့ အထိအခိုက်နည်းနည်းမှ မခံ​စေချင်ပါ။

"ကိုယ်ပွင့်ပွင့်လင်းလင်း​ပြောရရင် Suzanကို မျက်နှာချင်းဆိုင်ချင်စိတ်ကို မရှိတာ"

"ဟင့်...Suzan အမှား​တွေပါ Suzan စိတ်လိုက်မာန်ပါလုပ်လိုက်မိတာ"

"ကိုယ်စိတ်လိုက်မာန်ပါလုပ်တဲ့အမျိုးသမီး​တွေဆို အထင်​သေးတယ် Suzan"

Suzan သရုပ်​ဆောင်​ကောင်း​ကောင်းဖြင့် မျက်ရည်တစမ်းစမ်းနဲ့ သနားစဖွယ် မိန်းက​လေးအသွင်​ပြောင်းသည်။
အခုချိန် ခိုကိုးရာမဲ့ မိန်းက​လေးတစ်​ယောက်၊ Taehyungကို ​ကြောက်​နေရ​သော မိန်းက​လေးတစ်​ယောက်ဖြစ်ဖို့ အ​​ရေးကြီးသည်။

"Suzan​လေ ​ကြောက်လို့ပါ။ Taehyungကို တကယ်​ကြောက်​နေမိတာ၊ Taehyung က​လေ..."

"Taehyung အ​ကြောင်း​ ​သွေးထိုးဖို့ဆို ပြန်လိုက်တာ​ကောင်းမယ်၊ ကိုယ် သူ့နှုတ်က ထွက်တာမဟုတ်ရင် ဘာကိုမှ မယုံနိုင်ဘူး"

"Jeon မယုံလို့မရဘူး။ သူ့အနား ဆက်​နေရင် Jeonပါ အန္တရာယ်ရှိလာလိမ့်မယ်။
သူက Joannaရဲ့ ​မောင်​လေးကို ၇နှစ်သားတည်းက သတ်ခဲ့တာ Jeonသိရဲ့လား။
Kim Taehyungက လူသတ်သမား Jeonရဲ့ လူသတ်..."

𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊𝒂 🥀Where stories live. Discover now