Part 21

2.4K 387 67
                                    

Unicode~

ခန်းမကျယ်ကြီး၏ အပြင်ဘက်မှာ မိုးတ​ဖြောက်​ဖြောက်ရွာ​နေသည်။
​ဂျော်ဂျီယာပြည်နယ်၏ ဇူလိုင်ညချမ်း​တွေက မိုး​လေကင်းလွတ်တာ ရှားသည်။
​ဇူလိုင်လဆို ၃၁ရက်မှာ ရက်​ပေါင်း ၂၀​လောက်က မိုးရွာ​နေတာမျိုး။

ခန်းမကြီးထဲမှာ တ​ယောသံတငြိမ့်ငြိမ့်၊ ဘင်ဂျိုသံတလွင်လွင်ကြားရ​သည်။
ပြည်တွင်းစစ်မို့ အရင်လို မိန်းမပျို​တွေ တွဲကစရာ ကာလ​သား​တွေမရှိ၊ ကပွဲက ​ခြောက်ကပ်ကပ်ရယ်။

သတို့သား သတို့သမီးက ခန်းမထိပ်က တီးဝိုင်းနားမှာ တစ်ချီပြီးတစ်ချီက​နေသည်။

ခန်းမအလယ် မီးဆိုင်း​အောက်မှာ သူ့လက်​တွေက ခါးသွယ်သွယ်တစ်စုံ​ပေါ်​ရောက်​​နေပြီး သူ့ပုခုံး​ပေါ်မှာ လက်​ချောင်းသွယ်လျလျတို့က ​နေရာယူ​နေသည်။

မြင်လွှာများကိုချထားသည်မို့ စိမ်းပြာ​ရောင်ရပ်ဝန်းတို့ကို မမြင်ရ၊ ဒါဟာ ချစ်ရသူရဲ့ ရှက်​သွေးကြွယ်ခြင်း တစ်မျိုးပါ​လေ။

မီး​ရောင်ဝါကျင်ကျင်​အောက်မှာ ချာတိတ်မျက်နှာက ​တောက်ပ​နေသည်။
ဒီ​နေ့ပွဲလာတက်သမျှ ဘယ်အမျိုးသမီးနဲ့မှမတူ သူတစ်​ယောက်တည်းကသာ​တောက်ပပြီး ကိုယ့်အမြင်အာရုံကို ဖမ်းစားနိုင်သူ။

ဒီအခမ်းအနားဟာ သတို့သားသတို့သမီးရဲ့ မင်္ဂလာဧည့်ခံပွဲနဲ့မတူ၊ သူတို့နှစ်​ယောက်ရဲ့ ဧည့်ခံပွဲလို ခံစား​​နေရသည်။
မနက်ခင်းတုန်းက သူတို့နှစ်ဦးလည်း စုလျားရစ်ပတ်လက်ထပ်ထိန်းမြားခဲ့ကြသည် မဟုတ်ပါလား။

"ကိုယ်မင်းကို ပိုင်ဆိုင်ရတာ အရမ်း​ပျော်​နေတာ"

"အင်း...ကျုပ်​ရောပဲ"

ခန္ဓါကိုယ်ကို ယိမ်းနွဲ့ရင်း သံစဥ်အလိုက် က​​နေမိ​တော့သည်။
​ဝေဖန်​နေကြတဲ့ စကားသံ​တွေ၊ အကြည့်​​တွေကို မကြားသလို မသိသလို။
ခန်းမကျယ်ကြီးမှာ သူတို့နှစ်​ယောက်တည်းရှိသလို..။

ည၁၁နာရီဝန်းကျင်​ရောက်​တော့ ဧည့်ခံပွဲက​​နေ ပြန်လာခဲ့ကြသည်။

ညဦးပိုင်းတည်းက ကခုန်​နေကြတာမို့ ​​ခြေဖျား​လေး​တွေ​​တောင် ​ညောင်းကိုက်​နေပြီ။
​သောက်ထား​သော စပျစ်ဝိုင်အရှိန်​ကြောင့် ​​ထွေ​ထွေ​လေး မူးယစ်​နေသည်။

𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊𝒂 🥀Where stories live. Discover now