Part 25

2.3K 383 51
                                    

Unicode~

"ထွက်သွား!"

"ဟင့်အင်း... နှင်းဆီအထင်လွဲ​​နေတာ ကိုယ်ရှင်းပြမယ်"

ကိုယ်တိုင်လည်း တုန်ရီ​နေပြီး ဘယ်က စ​ပြောရမှန်းမသိ​တော့။
အစစအရာရာ ပြီးဆုံးပြီလို့ ထင်ခဲ့တဲ့ ​နေ့မှာပင် အ​ကြောက်ဆုံးအရာက ဆိုက်ဆိုက်မြိုက်မြိုက်​ရောက်လို့လာသည်။

'ဖြန်း!'

"မကြားချင်ဘူး ဘာမှ.. ထွက်သွား! ထွက်သွားလို့ ကျုပ်​ပြော​နေတယ်​လေ!"

နှင်းဆီငယ်ကို ရှင်းပြဖို့ နည်းမျိုးစုံ ကြိုးစားကြည့်သည်။ ဘယ်လိုမှ ရှင်းပြလို့မရ။
နှင်းဆီရဲ့ စိတ်ဒဏ်ရာ​တွေကို ကိုယ်တိုင် ​ဖြေ​ဖျောက်ဖို့ ကြိုးစားခဲ့ပြီးမှ ကိုယ်တိုင်ဒဏ်ရာ​ပေး​နေမိတာ။

ကိုယ့်အဖြစ်က နှင်းဆီရဲ့ ဒဏ်ရာကို ဆားသိပ်မိသလို။

ဒီစာရွက်​တွေကို အတတ်နိုင်ဆုံး အံဆွဲထဲ ​သော့ခတ်သိမ်းထား​ပေမယ့် ဒီ​​နေ့တစ်ရက်​မေ့လို့​​နေမိတာက အ​တော်ဆိုးဆိုး။

"တကယ်ပဲ ကိုယ်မရှိဘဲ ဖြစ်လို့လား ဟင်"

"ဘာလဲ ဆရာဝန်မရှိ​တော့မယ့် လူနာ​လေးမို့ သနားကရုဏာဝင်​နေတာလား"

Taehyungရဲ့ စိမ်းသက်သက်အ​ပြော၊ အကြည့် ဒါ​တွေက ယုံနိုင်ဖွယ်ရာမရှိ။
နှင်းဆီက အရင်ကလို ခန့်မှန်းရခက်တုန်း..။
အချစ်မျက်ဝန်း​တွေဆိုတာလည်း တစ်​နေ့တည်း တစ်ရက်တည်း ​ပျောက်နိုင်တဲ့ နှင်းဆီရယ်။

​အ​မေရိကန်ပြည်​ထောင်စုက နှင်းဆီပန်း​တွေ ဘယ်လို​နေမယ်မသိ။
ကိုယ်ပိုင်တယ်ထင်ခဲ့​​သော ဂျော်ဂျီယာက နှင်း​ဆီ​လေးမှာ​တော့ ဝှက်လို့ထားတဲ့ အဆိပ်သင့်ဆူး​တွေ တစ်ပုံတစ်ပင်ရယ်။

ကိုယ်တိုင်ဆူး​တွေ ​ခြွေချနိုင်ခဲ့ပြီလို့ ထင်ခဲ့​ပေမယ့် ဝှက်ထားတဲ့ အဆိပ်သင့်ဆူး​တွေထွက်လာပြီး ကိုယ့်နှလုံးသားကို အကြိမ်ကြိမ်ထိုးဆွ​နေတဲ့အခါ...
ဒီတစ်ခါ စိတ်​ဝေဒနာ ရသွားတာက ကိုယ်ပါပဲ။

အညို​ရောင် သား​ရေသတ္တာကိုသယ်ပြီး လက်တစ်ဖက်က အလုပ်သွားတိုင်း ကိုင်​နေကြ အိတ်တစ်လုံးရယ်၊ ဂျုံဖြင့် ချုပ်ထားတဲ့ ​နေလုံဦးထုပ်ရယ်... ဝါရှင်တန်လမ်းက အိမ်အကြီးကြီးကို ​ကျောခိုင်းလှည့်ထွက်ခဲ့ရသည်။

𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊𝒂 🥀Where stories live. Discover now