Unicode~
"Joanna.. ကိုယ်သိချင်တာ ရှိတယ်"
"ပြောလေ.. မင်းကြည့်ရတာ တုန်လှုပ်နေပုံပဲ"
"ကိုယ်နည်းနည်း ပင်ပန်းနေလို့ပါ။ ကိုယ်သိချင်တာက မင်းအစ်ကို Kim Taehyungလေ"
"ဪ... သူ့အကြောင်းလား"
Joannaက မနှစ်မြို့သည့်ဟန် လုပ်ပြသည်။
Suzan ဒါကို ကျေနပ်သည်၊ အနည်းဆုံး Joanna ဆီက သတင်းနှိုက်လို့ရလိမ့်မည်။
သူနဲ့ပူပေါင်းလိမ့်မည်။"မင်းရိပ်မိမှာပါ၊ ကိုယ် မင်းအစ်ကိုကို ကြည်ဖြူမနေဘူးဆိုတာကို။ မင်းလည်း အတူတူပဲမလား"
"ဟင်.."
"ကိုယ်သိပါတယ်။ မင်းအစ်ကိုအကြောင်း၊ အို... ရှင်းရှင်းပြောရရင် သူ့ရဲ့မကောင်းသတင်း အားနည်းချက်မှန်သမျှ ကိုယ်သိချင်တယ်ကွာ"
Joanna သည် Taehyungအကြောင်း ပြောပြချင်တာ ပါးစပ်ကိုယားနေပြီ။
ပါးစပ်ဖွာသည့်မိန်းမသဘာဝအရရော၊ Taehyung၏ မကောင်းသတင်းကို ဖြန့်ဝေလိုသော ဆန္ဒကြောင့်ရော သူတအားကို ပြောပြချင်နေပြီ။"မရှိပါဘူးကွယ်၊ ကိုယ်တို့က ငယ်တည်းက မတည့်ကြတာပါ"
"ကိုယ်သိပါတယ်။ ကိုယ်အကဲခတ်မညံ့ပါဘူး။ မင်းသိချင်တာ တစ်ခုခု ကိုယ့်မှာရှိတယ်။ မင်းကိုယ့်ကို ဒါလေးပြောလိုက်လို့ အရှုံးမရှိပါဘူး"
Joannaမျက်လုံးတွေ ဝိုင်းစက်သွားရသည်။
Suzanက သူမသိသေးတာတစ်ခုခုသိထားသည်။ သူအဲ့တာကို သိချင်သည့်တိုင် ကိုကိုလေးကို ကြောက်သည်။
မုန်းတာနဲ့ အညီအမျှကြောက်ရသူဆို အဲ့တာ ကိုကိုလေးပင်။"မင်းစဥ်းစားပါ။ ဒီညတော့ နားကြလေစို့"
မီးအိမ်ကို မီးငြိမ်းပြီး အိပ်ရာပေါ်လဲလျောင်းရသည့်တိုင် သူ့သိချင်စိတ်က သူ့ကို အိပ်မရဖြစ်စေသည်။
ထိုညက သူနှစ်နှစ်ခြိုက်ခြိုက်အိပ်စက်မရခဲ့။
____"နိုးပြီလား ချာတိတ်"
"အင်း...အိပ်ချင်သေးတယ်။ ဒါပေမယ့် အိပ်မရတော့ဘူး"
"ဘာလို့လဲ"
KAMU SEDANG MEMBACA
𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊𝒂 🥀
Fiksi PenggemarTo my one and only Rose of Georgia... A devastated story between a traumatized boy and a psychiatrist during the American Civil War. Something as deep as ocean was formed between them. Recommended song - That should be me by Justin Bieber ...