Unicode~
နောက်နေ့မနက် ထမင်းချက်ကြီး ဈေးခြင်းတောင်းဆွဲကာ ပြန်လာတော့ သတင်းတစ်ခုခုပါလာသလို ရေးကြီးသုတ်ပျာ။
နှုတ်ခမ်းမဲမဲတွေက ထော်လန်နေပြီး ၀ဖိုင့်ဖိုင့်ခန္ဓါကိုယ်ကြီးကို သယ်ကာ အလောသုံးဆယ်ဖြစ်နေသည်။
"သတင်းထူး သတင်းထူး"
"ဘာသတင်းလဲ"
ထုံးစံအတိုင်း ဇာပန်းနဲ့ လက်နဲ့မပြတ်တဲ့ Joannaက ထမေးသည်။
အဒေါ်ကြီးမျက်နှာကတော့ သတင်းဦးသတင်းထူးကို ပြောရမည်ဖြစ်၍ ဂုဏ်ယူဝင့်ကြွားနေဟန်။"ဂတ်တီစဘတ်မှာ တိုက်ပွဲတွေစနေပြီ အကြီးအကျယ်ပဲတဲ့။ ပြည်တွင်းစစ်တိုက်ပွဲထဲ အကြီးဆုံးလို့တောင် ပြောရမယ်။
အဲ..အဲတာ Mr. Jeonကလည်း အဲ့မှာဆိုလို့.."
Taehyung သတင်းစာဖတ်နေရင်း ရပ်သွားသည်။ ပန်ဆယ်ဗေးနီးယားမှာ Jeonရှိတယ်ဆိုတာ ပါးစပ်က တွေ့ကရာပေါက်ကရပြောမိခြင်း။
ဒါကို အဒေါ်ကြီးကအတည်ထင်နေပုံရသည်။ပါးစပ်ကတွေ့ကရာပြောခဲ့တာဆိုပေမယ့် သူရင်တလှပ်လှပ်ဖြစ်နေသည်။
Jeonဟာ မြောက်ပိုင်းမှာ၊ ဝါရှင်တန်မှာရှိလိမ့်မယ်လို့ တစ်ထစ်ချယုံကြည်ထားပေမယ့် သူ့နှုတ်ကထွက်သလို ပန်ဆယ်ဗေးနီးယားတပ်ထဲ ရောက်နေတာ အဟုတ်သာဖြစ်ခဲ့မယ်ဆိုလျှင်..။"ကျုပ်လျှောက်ပြောလိုက်တာပါ။ သူက လုံခြုံတဲ့ တစ်နေရာမှာ ရှိပါလိမ့်မယ်"
ထိုနေ့တစ်နေ့လုံး Taehyungတစ်ယောက် ငူငူငိုင်ငိုင်။
Jeonရှိတဲ့ ကမ္ဘာကြီးရဲ့ တစ်ထောင့်တစ်နေရာက အေးချမ်းပါစေတော့။မကောင်းသော နိမိတ်တွေချည်း ကြီးစိုးနေရင်းက စားလို့လည်းမဝင်သလို ဘာအလုပ်မှလည်း စိတ်ဖြောင့်ဖြောင့်မလုပ်နိုင်။
သတင်းစာဖတ်လျှင် တစ်မျက်နှာမကုန်ခင်ဘဲ Jeon ဆီ စိတ်ရောက်သွားပြန်သည်။Jeonကို ပြန်လိုချင်လိုက်တာ...။
ကလေးတွေလို ငိုယိုပြီးတောင်းသမျှ အလိုလိုက်ပြီး ဖြည့်ဆည်းပေးမယ့်လူကြီးတစ်ယောက်ရှိရင် သိပ်ကောင်းမှာပဲ။
YOU ARE READING
𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊𝒂 🥀
FanfictionTo my one and only Rose of Georgia... A devastated story between a traumatized boy and a psychiatrist during the American Civil War. Something as deep as ocean was formed between them. Recommended song - That should be me by Justin Bieber ...