Part(4): Unicode

276 29 2
                                    


      မိုလန်၏ နေ့အစပိုင်းကိစ္စများကို ဖြေရှင်းပြီးသည်နှင့် ချန်ကီသည် သူမ၏ ကျောင်းနှင့် အချိန်ပိုင်းအလုပ်ကို သွားရလေသည်။ သူမသည် သူမ၏ သူငယ်ချင်းများနှင့်အတူ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် အလုပ်သင်အနေဖြင့် အလုပ်ဆင်းရသည်။ အလုပ်အတွေ့အကြုံရစေရန် ရည်ရွယ်ချက်ဖြင့် တက္ကသိုလ်မှ ကျောင်းသားကျောင်းသူများကို စီစစ်ရွေးချယ်ကာ ပို့လေသည်။ ထိုအထဲတွင် ချန်ကီတို့သုံးဦးစလုံးသည် တူညီသော ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်ရသည်။ ထိုကုမ္ပဏီသည် ကမ္ဘာ့တည်ဆောက်ရေးလုပ်ငန်းများတွင် ထိပ်တန်းကုမ္ပဏီဖြစ်သော ဗန်ချီ(Vanchi)အမည်ရသော ကုမ္ပဏီဖြစ်သည်။ 1854 တွင် ပြင်သစ်အထက်တန်းလွှာအင်ဂျင်နီယာကျောင်းတစ်ခုမှ အင်ဂျင်နီယာနှစ်ဦးဖြစ်သော Alexandre နှင့် Louis တို့က အစိုးရ၏ ပြည်တွင်းတည်ဆောက်‌ရေးလုပ်ငန်းနှင့် ပေါင်းစည်းပြီးနောက် 2000 ခုနှစ်‌နှောင်းပိုင်းတွင် ခွဲထွက်ကာ ဗန်ချီကုမ္ပဏီဖြစ်လာခဲ့သည်။

    ဗန်ချီသည် အလွန်ကြီးမားသော အခြေခံအဆောက်အဦများကို ကမ္ဘာလုံးဆိုင်ရာ ကျယ်ကျယ်ပြန့်ပြန့် ဝန်ဆောင်မှုပေးသည့် ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်ပြီး အဓိကအားဖြင့် ရင်းနှီးမြှုပ်နှံမှု၊ ဆောက်လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံများ၊ စက်ကိရိယာများထုတ်လုပ်ခြင်း၊ အိမ်ခြံမြေနှင့် မြို့ပြဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အဓိကပါဝင်ဆောင်ရွက်ပါသည်။ . ၎င်းသည် ဖောက်သည်များအား ရင်းနှီးမြှုပ်နှံမှုငွေကြေးထောက်ပံ့မှု၊ အတိုင်ပင်ခံစီမံကိန်းရေးဆွဲခြင်း၊ ဒီဇိုင်းနှင့် ဆောက်လုပ်ရေး၊ စီမံခန့်ခွဲမှုနှင့် လည်ပတ်မှုဆိုင်ရာ ပက်ကေ့ချ်ဖြေရှင်းချက်များနှင့် ပေါင်းစပ်ဝန်ဆောင်မှုများပေးရန် ရည်ရွယ်သည်။

    ဗန်ချီသည် ယခင်ကတည်းက ၎င်းတို့၏ ခိုင်မာသောအုတ်မြစ် နောက်ခံသမိုင်းကြောင်း‌ဖြင့် အောင်မြင်ခဲ့သည်ဖြစ်ရာ နှောင်းပိုင်းမျိုးဆက်နည်းပညာ၊ စီမံခန့်ခွဲမှုနှင့် အရည်အသွေးတို့တွင် ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ကမ္ဘာ့အဆင့်မီ လုပ်ငန်းတစ်ခု ဖြစ်လာခဲ့ပြီး လေးစားထိုက်သော ကုမ္ပဏီတစ်ခု ဖြစ်သည်။  

Happy Marriage : Days After 24 Years OldWhere stories live. Discover now