Part(8): Unicode+ Zawgyi

476 41 14
                                    

ဟောဟဲ ဟောဟဲ ဟောဟဲ ။
‌အပြေးလာခဲ့တာကြောင့် သူမက မောဟိုက်လျက် ရှိနေလေသည်။ သီးသန့်တည်ရှိနေသော အိမ်ယာအတွင်းပိုင်းက ပြင်ပကားများ ဝင်ရောက်ရန် ခွင့်မပြုထားတာကြောင့် ချန်ကီသည် အိတ်များကို သယ်ကာ အမြန်ပင် ပြေးရလေသည်။ အိမ်ရာ၏ ဂိတ်တံခါးသို့ရောက်သောအခါတွင် လုံခြုံရေးရဲက သူမအား ဝင်ခွင့် ID ကို တောင်းလေသည်။

" Manville အိမ်ရာထဲသို့ ဝင်ရန် ID ပြဖို့ လိုအပ်ပါတယ် ။ ကျေးဇူးပြု၍ လူကြီးမင်း၏ အိုင်ဒီကဒ်ကို scan ဖတ်ပေးပါ ခင်ဗျ "

ချန်ကီသည် အိတ်ထဲသို့ ထည့်ထားသော အိုင်ဒီကဒ်ကို အိတ်ထဲမှ ရှာနေစဉ် သူမ‌၏ ဘေးမှ ကားဟွန်းသံကို ကြားလိုက်ရပြီး ကားထဲမှ မိုလန်၏ အတွင်းရေးမှူးအဲရစ်ကို တွေ့လိုက်ရသည်။

" မိုသခင်‌မလေး အိမ်ကို ပြန်လာနေပါပြီ၊ ဒီထက် နောက်မကျခင် ကားပေါ်အမြန်တက်ပါ "

"ကျေးဇူးတင်ပါတယ်ရှင် "ချန်ကီက အလျင်အမြန်ပင် ကားပေါ်တက်ကာ အိမ်တော်သို့ လိုက်ပါသွားလေသည်။ အိမ်ရှေ့သို့ရောက်သောအခါတွင် သူမကို စိတ်မကြည်စွာ စောင့်နေသည့် အိမ်တော်ထိန်းကို မြင်ပေမဲ့လည်း သူမက စိတ်မဝင်စားနိုင်ပါချေ။ အဓိက,က သူမ မိုလန့်ဆီက အရိုက်မခံရစေဖို့သာ။ ချန်ကီသည် အပြင်က ပြန်လာသောအင်္ကျီကိုပင် မလဲရသေးဘဲနဲ့ သူမက မီးဖိုထဲကို အမြန်ဝင်ကာ ညစာကို ပြင်ဆင်ပေးနေလေသည်။ ပြီးနောက် သူမက သူ့ကိုယ်သူ ရေချိုးပြင်ဆင်ရန် အမြန်ပင်ပြင်ဆင်ကာ မိုလန့်ကို စောင့်နေခဲ့သည်။ အချိန်နာရီတွေက တစ်နာရီပြီး တစ်နာရီကုန်ဆုံးလာခဲ့သည်။ စားပွဲပေါ်က ဟင်းပွဲတွေကလည်း အေးစက်လာခဲ့တာကြောင့် ချန်ကီက နောက်တစ်ကြိမ် ထပ်နွှေးလိုက်သည်။ ထိုအချိန်တွင် အိမ်တော်ရှိ အလုပ်သမားအကုန်လုံးက အိပ်ကုန်ပြီးဖြစ်တာကြောင့် သူမတစ်ယောက်ထဲသာ ကျန်ခဲ့သည်။ ချန်ကီသည် ဟင်းတွေကို ပြန်နွှေးနေစဉ် အိမ်ရှေ့မှ ကားသံကြားတာကြောင့် အမြန်ပင် အေပရွန်ကို ချွတ်ကာ မိုလန်ကို ကြိုဆိုရန် ထွက်လာပါသော်လည်းဝင်ပေါ်သို့ရောက်သောအခါတွင် သူမက ရပ်တန့်သွားလေသည်။
ချောင်ဆမ်ဝတ်စုံကို ဝတ်ဆင်ထားသော လှပသော အိုမီဂါကောင်မလေးတစ်ယောက်က မိုလန်၏ လက်မောင်းကို တွဲလျက် အိမ်တော်ထဲကို ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။ ထိုကောင်မလေးက အနည်းငယ်မူးနေပုံရပြီး မိုလန်၏ ရင်ခွင်ထဲကို အလုံးစုံ ပစ်ဝင်ကာ မိုလန်က သူမကို အိမ်ထဲသို့ ခေါ်လာလေသည်။ လက်ထပ်ထားနှင့် ပြီးဖြစ်သော အယ်လ်ဖာက နောက်ထပ်အိုမီဂါတစ်ဦးကို ခေါ်လာသည်က သူမကို ဝမ်းနည်းစေကာ ဒေါသထွက်စေလေသည်။ ချန်ကီသည် မိုလန်ရှေ့တွင် ပိတ်ရပ်လိုက်သည်။

Happy Marriage : Days After 24 Years OldWhere stories live. Discover now