Part(9): Unicode

197 28 4
                                    

ဂျူနီယာကျောင်းသားများကိုစာသင်ပြီးနောက် စာအုပ်များသိမ်းနေစဉ် အတန်းတက်ပြီးသော ဆွန်ယာနှင့်လီဂရင်းက ရောက်လာပြီးတော့ သူ့ကို ကဲန်တင်းကို သွားရန်လာခေါ်လေသည်။ ၆နာရီထိုးရန်ကလည်း လိုသေးတာကြောင့် ချန်ကီက လိုက်လာခဲ့လေသည်။

" တက္ကသိုလ်မှာ ဖရက်ရှာတွေလက်ခံနေပြီတဲ့ ၊ ဖရက်ရှာဝဲကမ်းလုပ်ဖို့တောင် စီနီယာတွေ ပြောနေတာ၊ ငါ ပြဇာတ်မှာ ပါမှာ ။ စကားမစပ် အိုင်ယန်နိုက ဘယ်တက္ကသိုလ်ကို လျှောက်ထားတာလဲ ? "

"အိုင်ယန်နိုက အခုမှ အထက်တန်းစတက်မှာကို နင် မှားနေပြီ " ချန်ကီက ပြောလိုက်သည်။

" အဲလောက်တောင် ငယ်သေးတာလား  ? ငါ တွေ့လိုက်တော့ ကောင်လေးက တော်တော်လေးလှနေတော့ တက္ကသိုလ်ဝင်ခွင့်အတန်းတောင် ရောက်နေပြီထင်တာ၊ အိုမီဂါတွေက အရွယ်မရောက်ခင်ကတည်းက လှကြတာလား? ဘီတာဖြစ်ရတာ အဲတစ်ခုမကောင်းဘူး၊  ဘယ်လောက်ပဲ အစွမ်းကုန်ပြင်ဆင်ထားလေ ကြည့်စမ်းပါလား မပြင်မဆင်နေတဲ့ အီုမီဂါတစ်ဝက်လောက်တောင် မလှဘူး " ဆွန်ယာသည် အဆောက်အအုံ၏ မှန်ရှေ့တွင် သူ့ကိုယ်သူ တစ်ပတ်လည်ကြည့်ရင်း ညည်းညူပြောလိုက်သည်။

" နင်က လှပါတယ် " လီဂရင်းက တိုးတိုးလေးချီးကျူးပြောလိုက်ပေမဲ့လည်း ထိုအချိန်တွင် သွက်လက်မြန်ဆန်လှသော ဆွန်ယာက လမ်းတစ်ဖက်သို့ ဒေါက်ဖိနပ်တဒေါက်ဒေါက်ဖြင့် ပြေးသွားပြီဖြစ်လေသည်။ ကျန်ခဲ့သော ချန်ကီသည် ထိုစကားကို ပြတ်ပြတ်သားသားကြားလိုက်သော်လည်း ရှက်တတ်သော လီဂရင်းကြောင့် သူက " ငါ ဘာမှမကြားလိုက်ပါဘူး " ဟု အယောင်ယောင်အမှားမှားပြောလိုက်မိသည်။

ထိုစကားက ကြားလိုက်သည်ဟု ဝန်ခံလိုက်သကဲ့သို့ ဖြစ်တာကြောင့် လီဂရင်း၏ မျက်နှာတစ်ခုလုံးက ပေါက်ထွက်မတတ် နီရဲလာလေသည်။ ထိုအခါတွင် ချန်ကီသည် ပြေးသွားသော ဆွန်ယာနောက်ကို လိုက်ပြေးရန်သာ ရှိတော့သည်။

" ဆွန်ယာ ငါ့ကို စောင့်ပါဦး "

ထိုနေရာတွင် တစ်ယောက်တည်း ကျန်ခဲ့သော လီဂရင်းသည် ရှက်နေသေးတာကြောင့် လည်ပင်းနောက်ကို ပွတ်လိုက်ရင်း လိုက်ခဲ့လေသည်။

Happy Marriage : Days After 24 Years OldWhere stories live. Discover now