Part (13)

169 25 4
                                    

Unicode

" ဂိုးပြီကွ " ဘောလုံးသည် ဂိုးပေါက်ထဲသို့ဝင်သွားသောအခါတွင် ပျော်ရွှင်စွာအော်ဟစ်လိုက်ပြီးတော့ ထိုကောင်လေးသည် အသင်းဖော်သူငယ်ချင်းများနှင့် လက်ဝါးချင်းရိုက်ကာ အောင်ပွဲခံလိုက်သည်။ ထိုနေရာသည် မူလတန်းကျောင်း၏ ဘောလုံးကွင်းဖြစ်ကာ ဘေးချင်ကပ်ရပ် ကလေးဆေးရုံပေါ်ကနေ ရှင်းလင်းစွာ မြင်နေရလေသည်။

ကလေးဆေးရုံ၏ ၃ ထပ်မြောက်ပြတင်းပေါက်ဘေးတွင် အဖြူပေါ်တွင် အပြာအစင်းများပါသောဆေးရုံဝတ်စုံကို ဝတ်ဆင်ထားသော ကလေးတစ်ယောက်က ရပ်ကာ ထိုဆော့နေသော ကလေးများကို ကြည့်နေလေသည်။ထိုကလေး၏ လက်ဖျံ၊ လည်ပင်းတစ်ဝိုက်တွင် ဆေးပြွန်များကို တပ်ဆင်ထားပြီးတော့ ထိုကလေး၏ အသားအရေက သွေးမရှိသကဲ့သို့ ဖြူလျော့နေလေသည်။

ထိုကလေးသည် ပြတင်းပေါက်မှန်ပေါ်ကနေ ထိုကလေးများဆော့နေသည်မြင်ကွင်းကို ထိလိုက်ပြီး တစ်ခဏ၌ မျက်ရည်များဝဲလာသည်။

" သခင်မလေးက လမ်းလျှောက်နေပါတယ်၊ မဒမ် " ဆရာဝန်၏အသံကို ကြားလိုက်တော့မှ ထိုကလေးသည် မျက်ရည်များကို အလျင်စလိုသုတ်လိုက်သည်။ အရောင်မဲ့နေသော ဆေးရုံတွင် ရောက်လာသော ဧည့်သည်က တောက်ပနေသော ရတနာများကို ဆင်မြန်းထားပြီးတော့ ဂါဝန်အကြပ်ကို ဝတ်ဆင်ထားသည်။ ထိုဧည့်သည်ဝတ်ဆင်ထားသော ဒေါက်ဖိနပ်သံ တဒေါက်ဒေါက်မြည်နေပြီးတော့ ထိုအမျိုးသမီးက ကလေးနားသို့ ရောက်လာသည်။

" မာမီ " မိုလန်သည် ခပ်တိုးတိုးလေး ခေါ်လိုက်သည်။ ဟယ်လ်စီယွန်သည် မိုလန်၏ နဖူးကို ငုံ့နမ်းလိုက်သည်။

" ဒီနေ့ နေရတာ သက်သာရဲ့လား ? လမ်းလျှောက်ထွက်နေတာဆိုတော့ ကြည့်ရတာ စိတ်ကျေနပ်နေတဲ့ပုံပဲ၊ ဒီလိုလေး နေ့တိုင်းသာ လိမ္မာနေမယ်ဆိုရင် မာမီ စိတ်မညစ်ရတော့ဘူးပေါ့ "
ဟယ်လ်စီယွန်က မိုလန်၏ ခါးအထိရှည်လျားသော ဆံပင်များကို သပ်ပေးရင်းဆိုလေသည်။ မိုလန်သည် သူ့အမေနဲ့ အတူပါလာသော ကောင်မလေးကို သတိထားမိလိုက်သည်။

ကြည့်လိုက်သည်နှင့် သူမနဲ့ အရွယ်တူလောက်သာ ရှိမည်။ ထိုကောင်မလေးသည် ကောင်းမွန်စွာအရွယ်ရောက်နေသော အယ်လ်ဖာတစ်ယောက်ဖြစ်ကာ ကြည့်လိုက်သည်နှင့် ကျန်းမာသန်စွမ်းသော လက္ခဏာရှိသည်။ထိုကောင်မလေးသည် မိုလန်ကဲ့သို့ပင် မိုလန်က ထိုကောင်မလေးကို စိုက်ကြည့်နေတာတွေ့တော့ ဟယ်လ်စီယွန်က မိတ်ဆက်ပေးလာသည်။

Happy Marriage : Days After 24 Years OldWhere stories live. Discover now