Part (12)

166 28 2
                                    


Unicode

" ကျွန်မ ဒါကို  တကယ်လုပ်ရမှာလား ? " ချန်ကီက တွန့်ဆုတ်တွန့်ဆုတ်နဲ့ မေးလိုက်သည်။

ကိုယ်ဝန်ရှိမရှိစစ်ဆေးဖို့အတွက် ဟယ်လ်စီယွန်က ချန်ကီကို အားလုံးရှေ့တွင် ဂျုံပင်များပေါ်တွင် ကျင်ငယ်စွန့်ခိုင်းလေသည်။ အခန်းထဲတွင် ဟယ်လ်စီယွန်က ဆိုဖာပေါ်တွင် ဒူးချိတ်ထိုင်ကာ ဘေးတွင် လေဒီချားလ်က ထိုင်နေလေသည်။ မိုလန်ကတော့ စိတ်မဝင်စားသယောင်ဖြင့် ဟယ်လ်စီယွန်ဘေးတွင် ပျင်းရိပျင်းတွဲထိုင်နေလေသည်။

" ကိုယ်ဝန်စစ်တံတွေလည်း  ရှိနေတာကို ရိုးရာအတိုင်း စစ်ဆေးရမှာတဲ့လား  ? ဒါက အဓိပ္ပါယ်မရှိတာကြီး "
ချန်ကီက လူတွေ့ရှေ့မှာ မလုပ်ချင်ပေ။ ဘယ်သူကများ လူအများရှေ့မှာ ကျင်ငယ်စွန့်ချင်နေမှာလဲ ?

" မင်း သောက်ရေးမပါတာတွေ လုပ်မနေဘဲ မြန်မြန်စစ်ဆေးလို့ မရနိုင်ဘူးလား ! " မိုလန်က စိတ်မရှည်စွာ  ငေါက်လိုက်တော့ ချန်ကီ မကျေမနပ်ဖြစ်သွားပေမဲ့ သူက ဂါဝန်ကို အနည်းငယ့်မ,တင်ကာ သူတို့ကို ကျောခိုင်းပြီး ထိုဂျုံစည်းပေါ်မှာ မတ်တပ်ရပ် ခွကာ စွန့်လိုက်သည်။

" ရပြီ " အိမ်တော်ထိန်းရှန်နန်က ပြောလိုက်တော့မှ ချန်ကီက ဘေးဖက်တွင် ရပ်နေလေသည်။
အိမ်တော်ထိန်းရှန်နန်က သူမ၏ပါးစပ်ကို ပဝါနဲ့ အုပ်ကာ ထိုဂျုံစည်းကို စစ်ဆေးလိုက်သည်။

" စိတ်မကောင်းပါဘူး မဒမ်၊ ဂျုံစေ့တွေက မပွင့်လာပါဘူး။ မစ္စချန်ကီက ကိုယ်ဝန်မရှိသေးပါဘူး "

ဒုန်း!! ဟယ်လ်စီယွန်က ဒေါသထွက်ကာ လက်ဖက်ရည်ပန်းကန်ကို ဆောင့်ချလိုက်ရာ ထိုပန်းကန်လုံးက အက်ရာပင် ထင်သွားလေသည်။  ချန်ကီသည် မျက်နှာကြက်မှ ကြမ်းပြင်အထိ ရှည်သော ပြတင်းပေါက်တွင် တပ်ဆင်ထားသည့် ခန်းစီးနောက်တွင် သူ့ကိုယ်သူ တစ်ဝက်မျှဖုံးကာ နေလိုက်သည်။

မိုလန်၏ဒေါသက သူ့အမေဆီကနေ အမွေဆက်ခံထားတာဖြစ်ရမည်။သူတို့ ၂ ယောက်စလုံးက စရိုက်ကြမ်းတမ်းပြီးတော့ အပြောထက် လက်က ပိုမြန်လေသည်။ ဟယ်လ်စီယွန်က အိုမီဂါတစ်ယောက်ဖြစ်တာတောင် သူမက ကြောက်စရာကောင်းလေသည်။

Happy Marriage : Days After 24 Years OldWhere stories live. Discover now