Part (11)

191 26 3
                                    


ချန်ကီသည် သူမ၏မျက်နှာကို ဖိညှစ်ထားသော မိုလန်၏လက်အား လက်နှစ်ဖက်ဖြင့် ဆွဲဖြုတ်သော်လည်း ပြုတ်တူကဲ့သို့ မြဲမြံစွာ ရှိနေလေရာ ဖြုတ်ရန် ခက်ခဲလေသည်။

" နာ..နာတယ် " ချန်ကီက မပီမသပြောလိုက်သည်။

မိုလန်က ချန်ကီ၏မျက်နှာအနားသို့ သူ၏ဦးခေါင်းကို နှိမ့်ချလာတာကြောင့် မိုလန်၏ ဆံပင်ရှည်များက ချန်ကီပေါ်သို့ ဝဲကျလာလေသည်။ မိုလန်၏ မြွေအရေခွံကဲ့သို့ အေးစက်နေတဲ့ လက်များသည် ချန်ကီ၏ လည်တိုင်အနောက်ဖက်က ဂလင်းပေါ်ကို ထိတွေ့လာတာကြောင့် ချန်ကီ မနှစ်မြို့စွာ တွန့်လိမ်လာသည်။
ပြီးနောက် မိုလန်က ထိုနေရာကို ကုပ်ခြစ်လာတာကြောင့် ချန်ကီ ပြင်းပြင်းထန်ထန် ရုန်းကန်လာသည်။ ထိုနေရာတွင် မိုလန်၏ အမှတ်အသားဖြစ်သော ကိုက်ရာက ရှိနေတုန်းဖြစ်ရာ ထာဝရအမှတ်အသားဖြစ်သည်က ထင်ရှားနေလေသည်။

" မိုအိမ်တော်မှာ ဖောက်ပြန်တတ်တဲ့ ဇနီးတွေက ဘယ်လိုအဆုံးသတ်ရလဲဆိုတာ မင်း သိလား ? "

မိုလန်က ချန်ကီမျက်ဝန်းထဲထိ ဖောက်ထွက်လုမတတ် ကြည့်နေကာ ပြောလိုက်ခြင်းဖြစ်တာကြောင့် ချန်ကီ အရိုးထဲထိ အေးစက်သွားသလို ခံစားရလေသည်။

" ငါ ဘယ်လိုလုပ် သိနိုင်မှာလဲ ? "

မိုလန်က ချန်ကီ၏ လည်တိုင်နောက် ဂလင်းနေရာကို ဖိကိုင်လာပြီး ပြောလာသည်။
" မြေကြီးထဲမှာ "
ချန်ကီ တစ်ခဏလောက် မတုန့်ပြန်နိုင်ဖြစ်သွားပြီး သူက ချက်ချင်းပင် စိတ်ဆိုးလာသည်။ သူမက ဖောက်ပြန်တတ်တဲ့ အယ်လ်ဖာတွေကရော မြေမြှုပ်လို့ ရသလားဆိုပြီး ခနဲ့ကာ ပြန်မေးရန်ပင် ကြိုးစားလိုက်သော်လည်း မိုလန်က သူ့ကို လွှတ်ပေးလာပြီး စားပွဲပေါ်က ပစ္စည်းတစ်ခုကို ပစ်ပေးလာသည်။

ချန်ကီ ဖမ်းလိုက်တော့ ထိုအရာက အိုမီဂါလည်ပတ်ဖြစ်နေသည်။ ချန်ကီက ဘီတာတစ်ယောက်လို ကြီးပြင်းလာတာကြောင့် သူက အိုမီဂါလည်ပတ်ကို မည်သို့ အသုံးပြုရမည်ဆိုတာကို မသိချေ။ထို့အပြင် သူ၏ဂလင်းကလည်း ထင်ရှားခြင်းမရှိဘဲ ဘီတာတစ်ယောက်လိုပင် ဖြစ်နေသည်။ မိုလန်၏အမှတ်အသားကတောင် ခပ်ရေးရေးသာ ရှိလေသည် ။ လက်နဲ့ မစမ်းသပ်ကြည့်လျှင် ထိုအမှတ်အသားက မည်မျှ နက်ရှိုင်းသည်ကို မသိနိုင်ပေ။

Happy Marriage : Days After 24 Years OldWhere stories live. Discover now