Part 1

2.1K 91 4
                                    

Unicode :

တိမ်လွှာ POV:

မှတ်မှတ်ရရကိုယ်အိမ်နဲ့ပြဿနာဖြစ်ပြီး

တစ်ယောက်တည်းအပြင်ထွက်လာတဲ့နေ့ကပေါ့

စိတ်ညစ်ညစ်နဲ့တိတ်တိတ်ဆိတ်ဆိတ်ရှိတဲ့ကော်ဖီဆိုင်လေးတစ်ဆိုင်ကိုထွက်လာခဲ့လိုက်တယ်
ကိုယ်လဲကိုယ်သောက်နေကျ Black Coffee လေးတစ်ခွက်မှာပြီးချောကလတ်ကိတ်လေးတစ်ခုရယ်မှာပြီးအပြင်ကိုမြင်နေရတဲ့ထောင့်ဆုံးဝိုင်းလေးမှာထိုင်နေပြီးအပြင်ကိုတွေတွေလေးငေးနေလိုက်တယ် ကိုယ်ကစိတ်အဆင်မပြေတဲ့အခါမျိုးဆိုအဲ့လိုပဲတိတ်တိတ်ဆိတ်ဆိတ်နဲ့နေရတာကိုသဘောကျတဲ့သူမျိုးပြီးတော့ကိုယ်ကအစားအသောက်ဆိုလဲတအားကြိုက်တယ် ကိုယ်လဲစားစရာရှိတာစားပြီးစိတ်အဆင်ပြေလောက်ပြီထင်တဲ့အခါလောက်မှဝိုင်းကနေထပြီးပိုက်ဆံရှင်းမို့လုပ်တော့ သေပြီလေ မရှိတဲ့အရှက်တွေကွဲရပြီ ကိုယ့်မှာပိုက်ဆံအိတ်ပါမလာခဲ့ဘူး အဲ့တာနဲ့ကိုယ် Cashier ကအစ်မကိုရယ်ပြပြီးကိုယ့်မှာပိုက်ဆံအိတ်မပါလာကြောင်းပြောမလို့ပဲရှိသေးတယ် ကိုယ့်အနောက်ကနေ အစ်မတစ်ယောက်က  "ချာတိတ်ကဘယ်လောက်ကျလဲကိုယ်ပေးလိုက်မယ်"ဆိုပြီးပြောတော့ ကိုယ်ကအဲ့လိုသူစိမ်းတစ်ယောက်ရဲ့အကူအညီမျိုးတစ်ခါမှမယူဘူး ကိုယ်ကမာနခဲလေးပါ

"ကိုယ်ကရပါတယ်ကျွန်တော့် ဘာသာကျွန်‌တော်ပဲပေး" လို့ပဲ ပြောရသေးတယ် Cashier အစ်မက "5500ကျတာပါ ညီမ"ဆိုပြီးကိုယ့်အနောက်ကအစ်မကိုလှမ်းပြောလိုက်တော့ ကိုယ့်ရဲ့အနောက်ကအစ်မကခပ်တည်တည်နဲ့ငွေရှင်းပေးခဲ့တယ်

"သွားပြီ‌ကွာ တကယ်ဆိုကိုယ်အိမ်နဲ့ပြဿနာမတတ်လာခဲ့သင့်ဘူး အခုတော့ကိုယ်အရှက်တွေကွဲရပြီလေ"လို့ကိုယ်စိတ်ထဲတွေးနေမိတယ်…

နေပါဦး ဒီအစ်မကသဘောကောင်းလိုက်တာ ကိုယ်သူ့ကိုသေချာ‌ကြည့်နေမိတယ် အင်းဒီအစ်မကတကယ်မိုက်တာပဲ အရပ်ကလဲကိုယ့်ထပ်ရှည်တယ် ပြီးတော့မျက်လုံးကလဲဝိုင်းစက်နေတာပဲ ပြီးတော့နှာတံလေးကလဲချွန်နေတာပဲ အိုး ခပ်တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းကိုအကြည့်ရောက်မိတော့ ကိုယ့်ရင်တွေခုန်လာလိုက်တာမဟားတရားပဲ…

ကိုယ့်ရဲ့ချာတိတ်...🧡Where stories live. Discover now