Part 19

504 28 2
                                    

Unicode :

မမ အိမ်ကမိုက်လိုက်တာဗျာ။မမဒီမှာတစ်ယောက်တည်းနေတာလားဟင်။မမမကြောက်ဘူးလား။အိမ်ကြီးကတကယ်မိုက်တယ်မမရယ်။မမ မမ မမ…

မေသူ့အရှေ့ကချာတိတ်ကိုကြည့်ပြီးပြုံးနေမိတယ်။ဒီချာတိတ်လေးကပါးစပ်ကနေမေးခွန်းတွေအများကြီးကိုတစ်ယောက်တည်းရေရွတ်နေပြီး မမ မမနဲ့ ပါးစပ်ဖျားကကိုမချဘူး။အူယားလွန်းလို့ဘယ်လို့လဲရမလဲချာတိတ်ရယ်…

"ချာတိတ် Black Coffee သောက်မလား ကိုယ်ဖျော်ပေးမယ်…"

"မမဖျော်ပေးမှာလား။မမဖျော်ပေးတာဆိုအဆိပ်ဖြစ်‌နေရင်တောင်တိမ်လွှာကသောက်ပြီးသားပဲနော် ဟီး"

"ဟောဗျာ ကိုယ်ကကိုယ့်ကလေးလေးကိုအဆိပ်ဖျော်တိုက်ပါ့မလားကွာ ချာတိတ်ကလဲ…"
‌မမမေဟိုဘက်ကိုလှည့်သွားပြီးဘာစကားမှမပြောတော့ပဲတိတ်ဆိတ်သွားတယ်။

ဟီး မမကလဲတိမ်လွှာကစနေတာပါဗျာ ။စိတ်မဆိုးရဘူးလေနော်။ချစ်တယ်လေနော်။တိမ်လွှာကဒီအတိုင်းမမကိုဘယ်လောက်ယုံကြောင်းဘယ်လောက်ချစ်ကြောင်းအနေနဲ့အဲ့လိုပြောလိုက်တာပါဗျာ။မမကစိတ်မဆိုးရဘူးလေနော် နော်လို့ မမ နော် နော်။

မေသူ့လက်မောင်းလေးကိုခါပြီးတဖွဖွရှင်းပြနေတဲ့အကောင်ပေါက်လေးကြောင့်ကြာကြာစိတ်မဆိုးနိုင်ပါဘူး။

အွန်းပါဟုတ်ပါပြီ။နောက်ဆိုအဲ့လိုမပြောရဘူးနော်ကိုယ်ကတကယ်ကြီးစိတ်ထဲမကောင်းဘူးဖြစ်သွားတာချာတိတ်ရ။ဒါဆိုကိုယ်သွားဖျော်လိုက်ဦးမယ် ခဏစောင့်နော်ချာတိတ်…


မမမေကတကယ်အကောင်းဆုံးပဲသိလား။အဲ့တာကြောင့်မမကိုတိမ်လွှာကချစ်နေရတာ ဟီးဟီး။ဒါဆိုတိမ်လွှာအပေါ်ထပ်ကိုလျှောက်ကြည့်ရင်းစောင့်နေမယ်ရတယ်မလား မမ။

ရပါ့ဗျ။ဘာမရစရာရှိလဲချာတိတ်ရဲ့။ကိုယ့်အိမ်ကလဲချာတိတ်အိမ်ပါပဲနော်။ချာတိတ်စိတ်ကြိုက်တာလျှောက်ကြည့်ပါဗျာ။

ဟုတ် မမ။ဒါဆိုတိမ်လွှာအပေါ်မှာရှိမယ်နော်။

မေကော်ဖီခွက်နှစ်ခွက်ကိုင်ပြီးအပေါ်တက်လာပြီး အပေါ်ထပ်ကဝရံတာကစား‌ပွဲလေးပေါ်ကော်ဖီခွက်လေး‌ေတွကိုတင်လိုက်တယ်။ဒီမှာအေးဆေးထိုင်ပြီးစကားပြောလို့ရအောင်ဒီနေရာကိုပဲရွေးလိုက်မိတယ်…

ကိုယ့်ရဲ့ချာတိတ်...🧡Where stories live. Discover now