Part 18

438 30 2
                                    

Unicode :

At Morning 🌅🌅

ဒီနေ့မှာလဲထုံးစံအတိုင်းချာတိတ်ကိုသတိရ‌ချင်းတွေနဲ့နိုးထလာခဲ့ပြီ။တကယ်ပါကိုယ့်ရဲ့အရာရာကိုအဲ့ကလေးကတအားကိုစိုးမိုးနိုင်လွန်းပါတယ်…

"Morning ချာတိတ် ထတော့ နော်"လို့စာပို့ပြီးမမမေရုံးသွားဖို့အတွက်လုပ်စရာရှိတာလုပ်နေလိုက်တယ်။ဒီလိုပါပဲသူ့ရဲ့တနေ့တာကိုချာတိတ်ဆိုတဲ့ကလေးနဲ့ပဲအစပြုနေခဲ့တာ။ပိုင်ဆိုင်ချင်ပြီ ချာတိတ်ရေ။သူများတွေဦးသွားမှာဆိုတဲ့စိုးရိမ်စိတ်လေးဝင်မိပေမဲ့ ချာတိတ်ကကိုယ့်ကိုပဲချစ်တယ်ဆိုတာသိနေတော့နည်းနည်းတော့စိတ်သက်သာရာရမိတယ်…။အတွေးတွေကိုအဆုံးသတ်လိုက်ပြီးရုံးကိုထွက်လာလိုက်တော့တယ်။

တိမ်လွှာနိုးလာတော့ Phလေးကိုယူကြည့်မိတော့ မမမေရဲ့ Message လေးတွေ့တော့ပြုံးမိသား။မမမေရဲ့ Message လေးမြင်လိုက်ရတော့လူကအားအင်ကို‌ပြည့်သွားတာပဲရယ်…

~~အချစ်ရဲ့စွမ်းအားတွေကအဲ့လောက်တောင်အားအင်ဖြစ်မယ်ဆို လွန်ခဲ့တဲ့ 7နှစ်မတိုင်ခင်ကတည်းကမမမေကိုချစ်နေမိကြောင်းပြောခဲ့ပါတယ် ဒါမှ တရုတ်မှာအလုပ်လုပ်တာအားရှိမှာကို…~~

တိမ်လွှာအတွေးနယ်လွန်နေရင်းသူဒီနေ့ရှယ်ယာရှင်တစ်ယောက်နဲ့ချိန်းထားတာကိုသတိရပြီး အတွေးတွေကိုရပ်ပြီးအပြေးလေးရေချိုးခန်းထဲဝင်ပြီးပြင်ဆင်လိုက်တော့တယ်။

At Office ~

"ဘယ်သူနဲ့တွေ့ချင်လို့လဲ ညီမ…"

"အာ တိမ်လွှာ ဒီCompanyက Ma Mayဆိုတဲ့တစ်‌ယောက်နဲ့ချိန်းထားတာပါ…တိမ်လွှာက Starlight company ကပါ။"

"အော် Starlight company ကလား။ လာလာ အစ်မလိုက်ပို့မယ်နော်…အစ်မအနောက်ကလိုက်ခဲ့နော် ညီမလေး"

"ဟုတ်…"

‌~~ ဒေါက် ဒေါက် ~~

" ဝင်ခဲ့ပါ။"

ကိုယ့်ရဲ့ချာတိတ်...🧡Onde as histórias ganham vida. Descobre agora