Part 20

681 30 3
                                    

Unicode :

"တိမ်လွှာ မမ အိပ်မှာအိပ်လို့ရလားဟင် မမ"

"ချာတိတ်ကအိပ်ချင်လို့လား…"

"အွန်း အိပ်ချင်တယ် မမ မမနဲ့အတူတူတိမ်လွှာ့ရဲ့အချိန်တွေကိုဖြတ်သန်းချင်တယ် မမနဲ့အတူတူတိမ်လွှာ့ရဲ့တစ်နေ့တာကိုကုန်ဆုံးချင်တယ်…

"ကောင်းပါပြီဗျာ ဒီနေ့တော့ ကိုယ့်အိပ်မှာအိပ်ရင်အိပ်လေနော် မနက်ဖြန်ကြရင်တော့ကိုယ်ချာတိတ်ကိုပြန်လိုက်ပို့ပေးမယ်နော် ချာတိတ်…"

"ဟီး ဟုတ်မမ ဒါဆိုတိမ်လွှာမားမားကိုphဆက်ပြီးပြောလိုက်မယ်နော် မမ‌အိမ်မှာအိပ်မယ်ဆိုတာကိုလေ…"

"ကောင်းပါပြီဗျာ…ချာတိတ်အတွက်ကိုယ်ညစာသွားချက်ပေးမယ် ဘာစားချင်လဲချာတိတ်…"

"အွန်း…တိမ်လွှာစားချင်တာက မမကို"

"ဟောဗျာ…ဒီကလေးတော့ ကိုယ်ကအကောင်းမေးနေတာကိုနော်…"

"မမကလဲ တိမ်လွှာကစတာကို တိမ်လွှာကမမဘာပဲချက်ကျွေးချက်ကျွေး မငြင်းဘူး‌ဗျဘာဖြစ်ဖြစ်စားတယ်နော်"

"အွန်း ဟုတ်ပြီ ဒါဆိုကိုယ်အောက်ထပ်မှာအဆင်ပြေတာတစ်ခုခုလုပ်ထားလိုက်မယ်နော်"

"ဟုတ်မမ တိမ်လွှာမားမားကိုphဆက်ပြီးရင်ဆင်းခဲ့မယ်နော်"

"Okay ပါဗျာ "

တိမ်လွှာphပြောပြီးဆင်းလာတော့ အောက်ထပ်ကမီးဖိုချောင်ထဲမှာအလုပ်ရှုပ်နေတဲ့မမကိုငေးကြည့်နေမိတယ်။မမရဲ့အခုလိုပုံစံကလုံးဝကိုမိုက်လိုက်တာ။မမရဲ့ကျောပြင်ကြီးကတကယ်ကိုဆွဲဆောင်မှုရှိတာပဲ။မမရဲ့ခါးကိုအနောက်ကနေဖက်ပြီးချွဲချင်လိုက်တာ။အတွေးထက်လက်တွေ့ကပိုမြန်နေလိုက်တာများ အခုဆို မမမေရဲ့ခါးကိုတိမ်လွှာအနောက်ကနေဖက်ထားပြီးသားပဲ…။

"လာပြီလားချာတိတ်ရ အသံလဲမပေးဘူးဗျာ ကိုယ်ဖြင့် လန့်သွားတာပဲ။"

"မမသိလား တိမ်လွှာကလေ မမကိုတော်တော်စွဲလမ်းနေပြီးအဆုံးရှုံးခံနိုင်ဘူးဆိုတာကို…"

ကိုယ့်ရဲ့ချာတိတ်...🧡Where stories live. Discover now