Part 4

767 47 0
                                    

Unicode :

မမကအိမ်မပြန်ခင်
"ချာတိတ်ကိုယ့်ကိုချာတိတ်ရဲ့ph noပေးပါလား"

"ဟုတ် (ph noက××××)ပါဗျ"

"Okay ဒါဆိုကိုယ်အလုပ်ကိစ္စလေးရှိလို့သွားတော့မယ်နော် ချာတိတ် ညကျရင်ကိုယ်phဆက်လိုက်မယ်သိလား သွားပြီနော်"ဆိုပြီးမျက်စိတစ်ဖက်မှိတ်ပြသွားသေးတယ်။

"မမကလုံးဝငါ့typeကြီး…"

ည‌ဘက်ရောက်တော့ တိမ်လွှာ မမမေ phကိုစောင့်နေလိုက်တယ်။

Ring Ring…📱

ဟော နောက်ဆုံးတော့phလာပြီလေ။

"Hello"

"ညီမလေးတိမ်လွှာလား"

"အော်  ကိုကိုလား…"

"ဟဲ့ဒေါ်တိမ်လွှာ အစကတော့တက်ကြွနေပြီးအခုကျတော့အသံကဘယ်လိုဖြစ်တာလဲ"

"မဖြစ်ပါဘူး ကိုကိုရာ ခဏစောင့်ကိုကို တိမ်လွှာမားမားတို့ကိုphသွားပေးလိုက်မယ်..."
(AN:သူကြေကွဲနေတာ🤭)

ကိုကိုနဲ့မားမားတို့phပြောလို့ပြီးမှ တိမ်လွှာလဲကိုယ့်အခန်းထဲပြန်လာလိုက်တော့တယ် မျှော်နေတဲ့သူက‌မဆက်လာတော့ရင်ထဲသိပ်တော့ဘဝင်မကျ‌ဘူးဒါနဲ့တိမ်လွှာလဲအိပ်ဖို့ပဲကြိုးစားလိုက်တော့တယ်မနက်ကျရင်လဲကိုကို့ကိုလေဆိပ်မှာသွားကြိုရဦးမယ်…

မနက်ရောက်တော့ တိမ်လွှာရယ်ပါးပါးရယ်ကကိုကို့ကိုလေဆိပ်မှာသွားကြိုပြီးပြန်လာခဲ့ကြတယ်။မေမေကတော့ကိုကိုကြိုက်တဲ့ဟင်းတွေအများကြီးချက်ထားပြီးသားတော်မောင်ပြန်လာတာကိုစောင့်နေတယ်။

ဒီတစ်ခေါက်ထမင်းဝိုင်းကတော့မိသားစုလေးယောက် စုံစုံလင်လင်နဲ့‌စားရတဲ့ထမင်းဝိုင်းလေးဖြစ်ခဲ့တယ်။

"ကိုကိုဒီခေါက်လာတာဘယ်လောက်ကြာကြာနေမှာလဲဟင် ကိုကိုမပြန်ခင်လေးကိုကိုနဲ့အတူတူလျှောက်လည်ချင်လို့…"

"အင်း..ကိုကိုဒီတစ်ခေါက်တော့နည်းနည်းကြာကြာနေဖြစ်မယ် တိမ်လွှာ"

"ဟီး ကောင်းတာပေါ့ "

"ဒါနဲ့ သား ဒီရေ ဟိုတစ်နေ့ကမားမားပြောထားတဲ့ကိစ္စဘယ်လိုသဘောရလဲ သားသဘောကျနေတဲ့သူရှိရင်လဲမားမားတို့ကိုပြောနော် သား မင်းပါးပါးနဲ့မားမားနဲ့မျက်စိကျနေတဲ့သူတစ်ယောက်တော့ရှိတယ် ကလေးမလေးကလိမ်မာရေးခြားလဲရှိတယ်…"

ကိုယ့်ရဲ့ချာတိတ်...🧡Where stories live. Discover now