Part 12

804 51 2
                                    

Unicode :

"တိမ်လွှာ့ကိုအချိန်‌လေးပေးနိုင်မလားဟင်…"

"သေချာပေါက်ပေးနိုင်တာပေါ့ ချာတိတ်ရာကိုယ်မလောပါဘူး…ချာတိတ်အဆင်အသင့်ဖြစ်တဲ့အချိန်ထိကိုယ်စောင့်နေပေးပါ့မယ်"

"ကျေးဇူးပါနော် မမ "

"ရပါတယ်ဗျာ တစ်ခုပဲကိုယ်တောင်းဆိုပါ‌ရစေ"

"ဟုတ် ဘာတောင်းဆိုချင်တာလဲ မမမေ"

"ချာတိတ်ကိုယ့်ကိုသဘောမကျဘူးဆို အခုထဲကငြင်းပေးပါ ကိုယ်ကအ‌ဝေးကနေပဲ ငေးကြည့်နေရလဲအဆင်ပြေတာမလို့ ကိုယ့်ကြောင့်နဲ့ချာတိတ်အနှောက်အယှက်ဖြစ်နေရမှာဆိုးလို့ ပြီးတော့ကိုယ့်ကိုအားနာနေမှာဆိုးလို့…"

ဟုတ်…အမှန်အတိုင်းပြောရရင် တိမ်လွှာကိုယ့်စိတ်ကိုကိုယ်ပြန်စမ်းစစ်ချင်လို့ပါ။ ပြီးတော့သူများတွေပြောသလို "ငယ်သေးတော့စိတ်ကစားနေတာပါ ဒီအရွယ်လေး‌ေတွကသစ်ရွက်လှုပ်ရင်တောင်ရင်ခုန်တတ်တဲ့အရွယ်မို့ပါ"ဆိုပြီးပြောနေတာတွေကိုသူတို့ပြောတာကတကယ်အမှန်ပဲလားဆိုတာသိချင်လို့ပါ။

"ဟုတ်ပါပြီဗျာ ချာတိတ်ဘက်ကကိုယ့်ကိုသဘောကျလာတဲ့အချိန်ထိကိုယ်စောင့်နေပါ့မယ်။"

ဟုတ် မမမေ ပြီးတော့တိမ်လွှာပြောချင်တာရှိသေးတယ်။

အင်းပြောလေ ချာတိတ်…

"တိမ်လွှာ့ကိုမစောင့်နိုင်ရင်လဲရပါတယ်နော် တိမ်လွှာ့ကိုစောင့်နေပေးပါလို့မတောင်းဆိုပါဘူး…"

"အင်းပါ ကိုယ်နားလည်ပါတယ်"

"ပြောထွက်လိုက်တာချာတိတ်ရယ်။ကိုယ်ကဘာလို့မစောင့်နိုင်ရမှာလဲ။ဘဝမှာပထမဦးဆုံးသောချစ်မိခဲ့တဲ့ကလေးမလေးကိုကိုယ်ကမစောင့့်နိုင်ပဲနေနိုင်ပါ့မလားကွာ။"

"မမသာတိမ်လွှာ့ကိုတကယ်ချစ်ရင်သေချာပေါက်စောင့်နေပေးမှာပါ တိမ်လွှာယုံကြည်တယ်။တကယ်မချစ်ရင်တော့…"

နှစ်ယောက်လုံးအတွေးကိုယ်စီနဲ့တိတ်ဆိတ်လို့…

"မမမေ"

"ဗျာ"

"တိမ်လွှာလေ နောက်တစ်ပတ်ကြရင်ကိုကိုနဲ့တရုတ်ကိုလိုက်သွားမို့ပြီးတော့ အဲ့ကကိုကို့ကုမ္ပဏီမှာအလုပ်လုပ်မှာရယ်…"

ကိုယ့်ရဲ့ချာတိတ်...🧡Where stories live. Discover now