Part 10

658 46 0
                                    

Unicode :

ဒီရက်ပိုင်းချာတိတ်ကကိုယ့်ကိုသိသိသာသာရောမသိမသာရောရှောင်လာတယ် ဘာကြောင့်လဲလို့ကိုယ်မေးချင်ပေမဲ့မေးဖို့တောင်အခွင့်အရေးမရဘူးရယ်။

ကိုယ်Phဆက်ရင်လဲမကိုင်သလိုစာပို့ရင်လဲစာတောင်ဝင်မကြည့်ဘူး...ကိုယ့်သူ့အိမ်သွားရင်လဲကိုယ့်ကိုအဖက်‌တောင်မလုပ်ဘူးဘာတွေအလိုမကျဖြစ်နေတာလဲမသိဘူး အရင်ဆိုအမြဲပြုံးနေတတ်တဲ့ချာတိတ်ကအခုဆိုခပ်တည်တည်နဲ့ ကိုယ်ထင်တာတော့ကိုယ့်ကိုသဘောမကျဘူးထင်ပါရဲ့...

ကိုဒီရေ့ကိုမေးကြည့်တော့လဲဒီအတိုင်းသူ့ရည်မှန်းချက်လေးတွေရည်ရွယ်ချက်လေးတွေဖြစ်ချင်လို့ပါပဲပြောတယ် ကိုယ့်ကိုရှောင်နေတာမျိုးမဟုတ်ပါဘူးတဲ့ ကိုယ်အတွေးလွန်နေတာနေမှာပါတဲ့ ဒီလောက်သိသိသာသာရှောင်နေတာကိုတောင်လေ။

ဒီလိုပါပဲကိုယ့်ဘဝကဘယ်တုန်းကမှမေတ္တာတရားနဲ့အကျိုးမပေးခဲ့ဖူးပါဘူး။

ဘဝမှာကောင်လေးတွေနဲ့လဲထည်လဲတွဲခဲ့ဖူးတယ်။Butတစ်ခါမှရင်မခုန်ခဲ့ဖူးဘူး။ ဒီချာတိတ်လေးကိုတွေ့မှပဲ သူ့ရဲ့အူကြောင်ကြောင်ပုံစံလေးကြောင့်ကိုယ်ရင်ခုန်ခဲ့ရတယ်။

ကိုယ့်လိုအရယ်အပြုံးနည်းတဲ့သူကဒီတိမ်လွှာဆိုတဲ့ချာတိတ်လေးနဲ့တွေ့မှ အမြဲလိုလိုပြုံးနေမိတာမျိုး။အချစ်ဆိုတာကြီးကသိပ်ကိုဆန်းကျယ်လွန်းပါတယ် ဘဝကိုအလုပ်တွေထဲပဲနစ်ထားတတ်တဲ့ကိုယ်ကဒီချာတိတ်အတွက်အချိန်တွေအများကြီးပေးနေမိတာမျိုး။

စတွေ့တဲ့နေ့ကတည်းက‌စလို့ ကိုယ့်ရဲ့တစ်နေ့တာလုံးကိုအဲ့ချာတိတ်လေးကပဲစိုးမိုးထားလွန်းတယ်။ အမြဲတမ်းလဲအရိပ်တကြည့်ကြည့်နဲ့ကိုယ်လိုက်ကြည့်နေခဲ့ဖူးတယ်။ကိုယ်လိုက်ကြည့်ရင်းနဲ့ငေးနေရဲ့ပုံရိပ်လေးကိုပျောက်ကွယ်သွားမှာကိုယ်သိပ်ကြောက်တာရယ်။ ဒီကလေးထီးမပါလာတဲ့နေ့ကဆိုကိုယ့်မှာခပ်လှမ်းလှမ်းက ဆိုင်မှာထီးဝင်ဝယ်ပြီးချာတိတ်ဆီအပြေးလာခဲ့ရသေးတယ် ချာတိတ်ကလေအရမ်းကိုနမောနမဲ့နိုင်တာ ဒါပေမဲ့သိပ်ကိုချစ်ဖို့ကောင်းတယ်။

ကိုယ်တို့‌တွေတွေ့ဆုံခဲ့ရတာကိုချာတိတ်ကရေစက်လို့ထင်ရင်ထင်လိမ့်မယ်။တကယ်တော့ကိုယ်ဖန်တီးခဲ့တာတွေပါ။ကိုယ်ဒီကလေးလေးကိုသတိထားမိနေခဲ့တာတော်တော်ကိုကြာခဲ့ပါပြီ။ဒီကော်ဖီဆိုင်လေးရဲ့ ထောင့်ဆုံးဝိုင်းလေးမှာပဲအမြဲထိုင်နေတတ်ပြီးနားကြပ်လေးတပ်အပြင်လေးကိုငေးနေတဲ့ ကလေးလေးကိုကိုယ်ငေးကြည့်နေခဲ့ရတာလဲကြာပါပြီ။ ဒါ‌တွေကိုချာတိတ်ကတော့သိမယ်မထင်ပါဘူး။

ကိုယ့်ရဲ့ချာတိတ်...🧡Where stories live. Discover now