Chapter -51

321 21 0
                                    

Chapter -51 နည်းလမ်း

ဂုယုသည် အရင်းအနှီးဟူသော စကားလုံးကို ကြားသောအခါ နောက်ဆုတ်သွားလိမ့်မည်ဟု သူမထင်ခဲ့သော်ငြားလည်း သူ့ကို ပို၍ပင် စိတ်လှုပ်ရှားနေပုံပေါ်မည်ဟု သူမ မျှော်လင့်ခဲ့ပေ။

“ကောင်းပြီ၊ ငါတို့အားလုံး အခြေချပြီးရင် ငါ မြို့တော်ကို သွားပြီးတော့ သူတို့ကို တောင်းမယ်။  သူတို့မပေးရင် မြို့တော်ကို မီးရှို့ပစ်မယ်။”

မီး... မီးရှို့မှာလား?

နင်းယွီ သည် စကားမပြောနိုင်လုနီးပါးပင်။  သူမကို ဘယ်သူကယ်နိုင်မလဲ။  ဒီလူကြီးက ဘာလို့ မိုက်မဲစွာ ပြောနေတာလဲ။

သူသည် နတ်‌ေဆးဆရာတစ်ဦးအနေဖြင့် ယဉ်ကျေးပျူငှာစွာ ဆက်ဆံနိုင်သော်လည်း မြို့တော်သည် ဧကရာဇ်မင်းမြတ်နေထိုင်ရာနေရာဖြစ်သည်။  မြို့တော်ကို မီးရှို့သလိုမျိုး သူဘယ်လိုပြောဝံ့တာလဲ။

နတ်‌ေဆးဆရာတစ်ယောက်အဖြစ် ဂုယု ၏အထောက်အထားသည် သာမန်မဟုတ်ဟုထင်ရသည်။

"အဘယ်ကြောင့်?  မင်းရဲ့သခင်က ဒီလိုအရည်အချင်းရှိတယ်လို့ မင်းမယုံဘူးလား"  အဘိုးအိုသည် နင်းယွီကို မကျေမနပ်ဖြင့် ကြည့်နေသည်။

“ဆရာကြီး၊ အဲဒါ ကျွန်မ ဆိုလိုတာ မဟုတ်ဘူး။  အဖေ့ကို ဘယ်အချိန် ဆက်ဆံရမလဲလို့ မေးချင်တာ။”  နင်းယွီက မေးသည်။

“မင်းတို့ ပြေလည်တဲ့အထိ စောင့်မယ်။  ရှည်လျားသောခရီးကို မပြောဘဲ အနားယူရမည် မဟုတ်ပါ။  အပ်စိုက်ကုထုံးကို လွယ်ကူစွာ စီမံခြင်းသည် သူ၏ ဦးနှောက်ကို နောက်တစ်ကြိမ် ထိခိုက်စေနိုင်သည်။”

ဂုယုရဲ့စကားတွေက အဓိပ္ပါယ်ရှိတယ်။

တကယ်တော့ နင်းယွီ က ဂုယုကို တခြားသူတွေရှေ့မှာ ထုတ်မပြနိုင်လို့ သူမရဲ့ ဆရာဖြစ်စေချင်တာပါ(ဆရာမတင်ချင်‌ေပမဲ့ ဟန်ပြဆရာတင်ထားတာပါ)။ ဂုယုသည် ကုသမှုကို ဦးဆောင်ခြင်းဖြင့် သူမဖခင်ကို နောက်ကွယ်မှ ကုသနိုင်မည်။

ဂုယုက ဆေးအိတ်ကိုထုတ်ပြီး နင်းယွီကို ပစ်‌ေပးလိုက်သည်။  "အင်းဆက်ပိုးမွှားများနှင့် သားရဲများကို ကာကွယ်ရန်ဒါသံုး။"

စစ်တပ်ဆရာဝန် ရှေးခေတ်က မိထွေးဖြစ်လာခြင်းWhere stories live. Discover now