အပိုင်း(၉) Unicode

696 89 15
                                    

မို့လိဟွားတောလမ်း၌ရှောင်းကျန့် မရပ်မနားပြေးနေသည်။ပုဝါစည်းထားသည့်မျက်နှာထက်ပေါ်ရုံလေးဖြစ်နေသည့် မျက်ဝန်းများတွင်အကြောက်တရားများစွက်ဖက်နေကာ၊နားထင်စပ်များ၌ ချွေးစများကပ်ညိနေ​၏။

ခြေလှမ်းများပို၍သွက်စေရန် ဝင့်ဝင့်ဝဲဝဲ စိမ်းနုရောင်ဝတ်ရုံကိုလက်နှစ်ဖက်ဖြင့်ပင့်မ၍ပြေးနေလျှင်ပဲ ဝတ်ရုံလွတ်နေသည့်ခြေကျင်းဝတ်ဖွေးဖွေးတို့သည် ထိကရုန်းဆူးပင်များဖြင့်မတော်မဆထိရှကုန်​သည်။

ခြေဖဝါး၌ဆင်မြန်းသည့်ကြိုးသိုင်းဖိနပ်သည်လည်း ပြေးနေသည့်အရှိန်ဖြင့်ကြိုးများပြတ်လုဖြစ်ကာဖြူဥဥခြေဖမိုးငယ်တို့ထက်အနီရောင်အစင်းကြောင်းများစွဲထင်နေစေတော့​၏။

"အဘိုး...! "

"အဘိုး...! "

သူနေထိုင်ရာသစ်သားအိမ်လေး​၏အရှေ့သို့ရောက်သည်နှင့် ရှောင်းကျန့်သူ့အဘိုးကိုအော်ခေါ်ပြီးပြေးဝင်လာ​သည်။မောဟိုက်နေသည့်ရင်အစုံအားအမောဖြေဖို့ပင်အချိန်မပေးနိုင်သေး၊ သူတို့အိမ်ဝန်းထဲရောက်နေသည့် မို့လိဟွားတောရှိလူကြီး၊လူငယ်များနှင့်ဘယ်ကမှန်းမသိသော ရဲမက်တချို့ကိုတွေ့လိုက်ရသည်။

"အဘိုး...တောစပ်မှာရောက်နေတဲ့လူတွေက ဘယ်ကလဲ...သူတို့တွေက မို့လိဟွားတောကိုဘာလာလုပ်ကြတာလဲ..."

သူ​၏အိမ်ဝန်းထဲ၌လူမြောက်မြားစွာ ရောက်နေသည်ကိုရှောင်းကျန့်မမှုဘဲ အဘိုးဖြစ်သူအား သူသိချင်သည့်မေးခွန်းကို အတင်းမေးသည်။ရှောင်းကျန့်​၏ အပြုအမူမှာစိုးရိမ်ခြင်းများကြီးစိုးနေခြင်းနှင့်အတူအဖြေကိုသိချင်သည့်စိတ်များလွှမ်းမိုးနေသော်လည်း၊ ရှောင်းမုချန်မှာမူ အေးဆေးတည်ငြိမ်နေလျက်...

"ဒီဘက်က လူကြီးမင်းတို့က ဟန်တိုင်းပြည်ဘက်က စစ်သည်ရဲမက်တွေဖြစ်တယ်...သူတို့က မြေးတို့လူငယ်တွေကို ဟန်တိုင်းပြည်အထိဘေးကင်းကင်းခေါ်သွားပြီးလုံခြုံတဲ့နေရာမှာ ခိုလှုံခွင့်ပေးလိမ့်မယ်..."

ထိုစကားကို ရှောင်းကျန့် နားမလည်ဟန် စစ်သည်ရဲမက်များကိုတစ်လှည့်၊သူ့အဘိုးကိုတစ်လှည့်ကြည့်သည်။

Ineluctable Where stories live. Discover now