အပိုင်း(၃၆) Unicode

784 122 17
                                    

"ဒီတစ်ခေါက် စစ်ပွဲကပြန်ရောက်လာတာနဲ့ကြင်ရာတော်တင်မြှောက်ပွဲလုပ်ဖို့အသင့်ပြင်ထားကြ..."

ထိုစကားစစကြားလိုက်ရခြင်း၌ညီလာခံခန်းမအတွင်းရှိလူများတစ်ဦးမျက်နှာကိုတစ်ဦးပင်မကြည့်နိုင်ကြ။အလွန်ရုတ်ခြည်းဆန်သည့်အသိပေးမှုမှာပါးစပ်တစ်ခုတည်းသာဆွံ့အသွားကြသည်မဟုတ်၊အတွေးများပင်ဆွံ့အသွားကြခြင်းဖြစ်သည်။အချိန်အတော်ကြီးကြာမှလှုပ်လှုပ်ရှားရှားပြန်ဖြစ်လာကာ ဟုတ်လိုဟုတ်ငြားဖြင့် ချီစစ်သူကြီးကိုကြည့်လိုက်ကြသည်။

သို့လော သို့လောအတွေးများဖြင့် လူများအားလုံး​၏ ဂုဏ်ယူသည့်အကြည့်များသူ့ထံသို့ကျရောက်နေသော်လည်းချီစစ်သူကြီး စိတ်သက်သာမှုမရှိ။သူ့စိတ်ထဲကျိန်းသေသိနေသည်က သူတို့အရှင်ရွေးချယ်လိုက်သည့်သူမှာသူ့သမီးမဟုတ်ဘူးဆိုတာအတပ်သိနေခြင်းကြောင့်ဖြစ်​၏။ထို့ကြောင့် ချီစစ်သူကြီးသည် သူ့နည်းတူ အတွေးကြပ်နေဟန်ရှိသည့် ဝမ်မိဖုရားကြီးကိုကြည့်လိုက်သည်။

ချီစစ်သူကြီး​၏အကြည့်များကိုသဘောပေါက်ဟန်ရှိသည့် ဝမ်မိဖုရားကြီးသည်လည်း ဝမ်ရိပေါ်ကိုကြည့်၍...

"သားတော်အနေနဲ့ဘယ်သူ့ကိုကြင်ယာတော်တင်မြှောက်ဖို့ စိတ်ထဲရှိနေတာလဲ..."

အားလုံးသိချင်နေကြသည့်မေးခွန်းကို ဝမ်မိဖုရားကြီးက ကိုယ်စားမေးပေးလိုက်သလိုဖြစ်သည်။ရှိသမျှမျက်ဝန်းပေါင်းများစွာကဝမ်ရိပေါ်ထက်သို့ကျရောက် သွား​၏။ထိုအခါ ဝမ်ရိပေါ်အချိန်ဆွဲခြင်းမရှိ ပြတ်ပြတ် သားသားပြောသည်။

"မို့လိဟွားတောအကြီးအကဲ ရှောင်းမုချန်ရဲ့မြေး..."

ဝမ်ရိပေါ် ထိုသို့ပြောပြီးမှလည်ချောင်းတစ်ချက်ရှင်းလိုက်ကာ...

"မနေ့ညကလုပ်တဲ့ပွဲမှာ ကျုပ်နဲ့အတူပါလာတဲ့တစ် ယောက်..."

ထင်သာမြင်သာအောင်ပင်ပြောလာသည့်ဝမ်ရိပေါ် ကြောင့် အစကမည်သူ့ကိုဆိုလိုမှန်းမသိသေးသည့်လူတချို့လည်းရှင်းရှင်းလင်းလင်းသိရှိလို့သွားကြပြီး အားလုံး​၏ဦးနှောက်ထဲ၌ အတွေးကိုယ်စီဖြစ်လို့နေကြ​၏။ထိုအချိန်၌ ယိုင်လဲသွားတော့မည့်ခန္ဓာကိုယ်ကိုမနည်းထိန်းလို့ထားရသည့် ဝမ်မိဖုရားကြီးသည်စိတ်ကိုအင်မတန်ချုပ်တီးထားရပြီး အသံကိုထိန်းကာ...

Ineluctable Where stories live. Discover now