အပိုင်း(၂၅) Unicode

788 107 26
                                    

ရှောင်းကျန့်ပျင်းရိစွာဖြင့်ပြိုင်ကားအရုပ်လေးနှင့်ဆော့ကစားနေသည်မှာအတော်ကြာပြီဖြစ်​၏။ကြမ်းပြင် ပေါ်ရောက်လျှင်ပြန်ကောက်လိုက်၊ကော်ဖီစားပွဲပေါ်မှသံပတ်ဆွဲပြီးလွှတ်ချလိုက်ဖြင့်ပင်ဖြစ်သည်။အကြိမ်ကြိမ်ပြုတ်ကျနေသောပြိုင်ကားအရုပ်လေးသည်ဒဏ်မခံနိုင်တော့သည့်အခါပွန်းပဲ့စပြုလာပြီး၊ဘေးကြည့်မှန်လေးတစ်ခုပြုတ်ထွက်လွင့်စင်သွားတော့​၏။

ပြုတ်သွားသည့်ဘေးကြည့်မှန်လေးကိုရှောင်းကျန့်ပြန်တပ်ဖို့ကြိုးစားနေရင်း ခေါင်းထဲလျှပ်စီးတစ်ခုလိုဝင်လာသည့်အတွေးတစ်ခုကြောင့်လက်များတုံ့ခနဲဖြစ်သွားသည်။လက်ထဲကကားလေးကိုစူးရဲတောက်ပစွာစိုက်ကြည့်နေရင်းမှမျက်ဝန်းတို့သည် လေးနက် မှောင်မိုက်ခြင်းဆီသို့ကူးပြောင်းသွား​၏။

ရှောင်းကျန့် သူ့ဖုန်းကိုကိုင်ကာ သူ​၏ကိစ္စအဝဝများ
ကိုဆောင်ရွက်ပေးသည့်တိုကျိုမှရှေ့နေတစ်ဦးကိုဖုန်းခေါ်လိုက်သည်။

"လွန်ခဲ့တဲ့ ၁၄ နှစ်ကျော်xxxx မှာဖြစ်ခဲ့တဲ့ အဲ့ဒီယာဉ်မတော်တဆမှုကို အစကပြန်လိုက်ပေးပါ...တကယ်ပဲမတော်တဆမှုလား ဒါမှမဟုတ် လုပ်ကြံမှုတစ်ခုလားဆိုတာသိချင်တယ်...မတော်တဆမှုဆိုပြီးအဲ့တုန်းကလွယ်လွယ်နဲ့ အမှုပိတ်သွားတာဖြစ်ပေမယ့် အကယ်၍ လုပ်ကြံမှုတစ်ခုဆိုရင်ပွဲချင်းပြီးသေသွားတယ်ဆိုတဲ့ ပြိုင်ကားသမားရဲ့နောက်ကွယ်မှာခိုင်းစေသူရှိခဲ့တာလားဆိုတာတွေကအစတစ်ခုမကျန်အကုန်သိချင်တယ်..."

ရှောင်းကျန့်သူလိုချင်သည့်အချက်အလက်များကိုပြောပြီး ဖုန်းချကာ ဖုန်းထောင့်စွန်းကိုနှုတ်ခမ်းလွှာများဖြင့်တေ့စပ်ထား၍အတွေးနယ်ချဲ့နေ​၏။

"ဒီထရွိုက်ရောက်ပြီဆိုရင်ကောင်းကောင်းအနားယူ...ညရောက်ရင်မင်းနဲ့ပြောစရာရှိတယ်..."

ဒီယေဂိုကို ရှောင်းကျန့်စာတစ်စောင်ပို့လိုက်ပြီး၊သူကိုယ်တိုင်လည်းရှုပ်ထွေးနေသည့်ခေါင်းကို အနားပေးဖို့ရာအတွက်အပြင်ထွက်ရန် အဝတ်ဗီဒိုကိုဖွင့်ကာ ခါးထောက်ရပ်ကြည့် ၍အဝတ်များကိုရွေးချယ်နေ​၏။

Ineluctable Where stories live. Discover now