အပိုင်း(၃၄) Unicode

722 102 26
                                    

မနက် ၂ နာရီအချိန်ဖြစ်သည်။

အိပ်ရာထက်ပက်လက်အနေအထားဖြင့် မျက်လုံးများကိုမှိတ်ထားလျက်အိပ်ပျော်နေသည်ဟုထင်ရသောရှောင်းကျန့်သည်အိပ်မက်ဆိုးတစ်ခု​၏ခြောက်လှန့်မှုအောက် ခေါင်းကိုဘယ်ညာခါရမ်းလို့နေသည်။

ခြုံထားသည့်စောင်ကိုဆုပ်ထားသည့်လက်များသည် ကျိုးကြေလုမတတ်တင်းကြပ်လို့နေကာ တစ်စုံတစ်ခုမှ လွတ်မြောက်ဖို့အသည်းအသန်ကြိုးစားနေရသည့်အခါနဖူးစပ်တို့သည်ချွေးစို့လာပြီး နာကျင်မှုကို ထိန်းချုပ်ထားဟန်ကိုက်ထားမိသည့်အောက်နှုတ်ခမ်းသည် သွေးခြေဥစပြုလာ၏။

မေတ္တာတရားဟူသည်အလျင်းမပါ။ကြင်နာခြင်းဟူသည် တစိုးတစိမရှိ။

ဒေါသဆန်သည့်မျက်ဝန်းများဖြင့်သူ့ကိုအုပ်မိုးစိုက်ကြည့်နေသည့်လူသည် သူ့အား အလိုမတူအဓမ္မဆန်စွာဖျက်ဆီးနေသည်။သူ့အသွေးအသားတို့သည်အညှာအတာမဲ့ ရှိုက်သုံးခံနေရမှုအောက်မှာ ခန်းခြောက်လုနီးနီးဖြစ်လာသည်။သူ​၏စိတ်ဓာတ်တို့သည်ချောက်ကမ်းပါးတစ်ခု​၏အမှောင်မိုက်အနက်ရှိုင်းဆုံးနေရာသို့ထိုးဖောက်၍ ဟိုးငရဲဘုံထိရောက်အောင်ပင်တစ်စစီကျိုးပဲ့ခုန်ဆင်းလို့နေသည်။

ဒါဟာအိပ်မက်။ဒါဟာအိပ်မက်တစ်ခုဖြစ်သည်။အိပ်မက်ပေါင်းများစွာထဲမှာမှ သူဘယ်သောအခါမှ နောက် တစ်ကြော့ပြန်မရောက်လာစေချင်သည့် အတိတ်အိပ်မက်တစ်ခုသည် သူ့ဆီဆိုက်ဆိုက်မြိုက်မြိုက်နောက် တစ်ခေါက်ထပ်ရောက်လာခဲ့ခြင်းဖြစ်သည်။

"ဟင်း~~"

ရှောင်းကျန့် အသည်းအသန်ရုန်းကုန်နေပြီးမှ မသိစိတ် ကိုသိစိတ်ကတဖြည်းဖြည်းအနိုင်ယူလာဟန်ရှိကာကိုယ်ကိုယ်ကိုယ်သတိပေးစကားများဆင့်ကာဆင့်ကာပြော၍လှုပ်နှိုးနေသည်။

နိုးထဖို့သင့်ပြီ။ဤမျှလောက်ခံစားပြီးရင်နိုးထဖို့သင့် နေပြီဖြစ်သည်။

ဒီညအဖို့သူ့ဝဋ်ကြွေးကျေပြီဆိုလည်းဒီဝဲဂယက်ထဲကနေ လွတ်မြောက်ခွင့်ပေးပါတော့...!!!

Ineluctable Where stories live. Discover now