အပိုင်း(၁၄) Unicode

643 101 9
                                    

အိမ်ဆောင်ဧည့်ခန်း​၏ခေါင်းရင်းတွင်ရှောင်းကျန့်ထိုင် ကာ စားပွဲခုံထက်လက်ထောက်မေးတင်၍အရှေ့ခပ်လှမ်းလှမ်း၌ ဒူးထောက်နေသူကိုကြည့်နေ​သည်။ဒူးထောက်ထားသူ​၏ဘေးပတ်လည်တွင် ဒီယေဂိုအပါအဝင် အခြားသောစံပယ်နက်ဂိုဏ်းသားတချို့လည်းဝန်းရံလျက်ရှိ​၏။

"ဘယ်နှစ်က ဂိုဏ်းထဲဝင်လာတာလဲ..."

"မနှစ်ကပါ..."

ဒီယေဂိုဝင်ဖြေပေးလာသည့်အခါရှောင်းကျန့် နားလည်သလိုခေါင်းကိုတဆတ်ဆတ်ညိတ်သည်။

"အင်းပေါ့...မနှစ်ကမှဝင်လာတာဆိုတော့ အရှင်လတ် လတ်အရည်ခွံစုတ်တာတွေကိုဘယ်မြင်ဖူး၊ကြုံဖူးဦးပါ့မလဲ..."

ဒူးထောက်ထားသူအား ရှောင်းကျန့် တစိမ့်စိမ့်ဆက်လက်စိုက်ကြည့်နေပြီး သက်ပြင်းလေးချကာ...

"ဖြေပါဦး မင်းရယ်...ကိုယ့်အပေါ်ဘာကြောင့်သစ္စာဖောက်လဲ..."

"....."

"ကိုယ် မင်းတို့အားလုံးအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့တာပဲကို...သာမန်ဝန်ထမ်းတစ်ဦးရဲ့လစာထက်အဆပေါင်းများစွာသာတဲ့ လစာတွေကိုပေးကမ်းခဲ့တာပဲလေ...သစ္စာမရှိနိုင်ဘူးဆိုရင်အစကတည်း က ဂိုဏ်းထဲမဝင်လာပါနဲ့လား...ဒါမှမဟုတ် သစ္စာဖောက်မယ်ဆိုရင်လည်း မမိအောင်လုပ်မှပေါ့...အခုတော့ ကိုယ်တို့ဘယ်လိုလုပ်ကြမလဲ..."

ရှောင်းကျန့် "ဟူး"ဆိုပြီးလေပူမှုတ်ထုတ်သည့်အသံသဲ့သဲ့တစ်ခုပြုလိုက်ပြီးလျှင် ဒီယေဂိုကိုလှလှလေးကြည့် လိုက်​သည်။ထိုအကြည့်ကိုနားလည်သည့်ဒီယေဂိုသည် ဂိုဏ်းသားတို့အား ခပ်တိုးတိုးအမိန့်ပေးလိုက်ပြီးနောက် ဂိုဏ်းသားတို့သည် ဒူးထောက်နေသောသစ္စာဖောက်​၏ အပေါ်ပိုင်းအဝတ်အစားများကိုချွတ်ယူ​၏။သစ္စာဖောက်သည် ရုန်းကန်နေသော်လည်း အရာမထင်ဘဲ ခဏ လေးအတွင်း၌ အပေါ်ပိုင်းဗလာကျင်းသွားသည်။

ထိုအခါ ဂိုဏ်းသားနှစ်ဦးသည် ထိုသစ္စာဖောက်​၏ အနောက်ဘက်တွင်နေရာယူ၍ မလှုပ်နိုင်အောင်ချုပ်ထားပြီး၊ နောက်ထပ်ဂိုဏ်းသားတစ်ဦးမှာမူ တစ်လက်မအရှည်ရှိသည့် သံချောင်းများထည့်ထားသော ကြွေပန်းကန်တစ်ခုနှင့် သံရိုက်တူတစ်ချောင်းကိုယူလာပြီး သစ္စာဖောက်​၏နောက်ကျောတွင်နေရာယူလိုက်ပြန်​၏။

Ineluctable Where stories live. Discover now