အပိုင်း(၃၁) Unicode

716 101 20
                                    

မျက်နှာပေါ်ကျရောက်လာသည့်နေရောင်နွေးနွေးကြောင့်ရှောင်းကျန့်မျက်ခွံများလှုပ်လာ၏။နိုးနေသော်လည်းမျက်လုံးများမဖွင့်သေးဘဲ နေရောင်နှိုး၍မနိုးရတာဘယ်လောက်ကြာနေပြီလဲဟုတွေးနေပြီးရုတ်တရက်သူ့အခန်းထဲကိုဘယ်သူရောက်နေတာလဲဟုတွေးမိသွားသည့်အခါမျက်လုံးများကိုကယောင်ကတမ်းဖွင့်လိုက်သည်။

"နိုးပြီလား ကျန့်..."

အခန်းလိုက်ကာကို ဘေးကပ်ကာကြိုးစည်းနေရင်းမေးလာသည့် ဒီယေဂို ကိုရှောင်းကျန့်ကြည့်လို့နေသည်။စိတ်ထဲ၌ အိပ်မက်လား တကယ်လားဇဝေဇဝါဖြစ်လို့နေကာ မည်သည့်စကားတစ်ခွန်းမှမဆိုမိ။

"ချိုးမယ့် ရေပြင်ထားပေးပြီးပါပြီ..."

နောက်တစ်ခေါက်ထပ်ထွက်လာသည့်စကားသံကြောင့်ရှောင်းကျန့်အတပ်သိသွားရသည်။ဒါဟာအိပ်မက်မဟုတ်တဲ့လက်တွေ့။

"ဘယ်တုန်းက ပြန်ရောက်လာတာလဲ..."

ရှောင်းကျန့်၏လေသံမှာပုံမှန်သာဖြစ်သည်။လက်လှမ်း၍ ဒီယေဂိုထံမှ ရေတစ်ခွက်တောင်းယူလိုက်ပြီး လက်ထဲရေခွက်ရောက်လာသည့်အခါမှ...

"ဖြန်း..."

ဒီယေဂို၏မျက်နှာတည့်တည့်ကိုရှောင်းကျန့်ရေဖြင့်ပက်လိုက်၍ တစ်ဆက်တည်းမှာပင် မျက်နှာလည်သွားသည်အထိရိုက်ချလိုက်သည်။

"မင်းကို ငါပြန်လာခိုင်းမိလား..."

"တောင်းပန်ပါတယ်..."

ရှောင်းကျန့် အိပ်ရာထက်မှထ၍ ရေချိုးခန်းထဲဝင်သွားကာ မျက်နှာသစ်သွားတိုက်ခြင်းသာလုပ်ပြီး ဒီယေဂိုပြင်ထားပေးသည့်ရေကိုယောင်၍ပင်ထိတွေ့ခဲ့ခြင်းမရှိ။ကိုယ်ပေါ်မှ အဝတ်အစားတို့ကိုချွတ်ကာ ရေချိုးဝတ်စုံကိုသာလဲလှယ်ဝတ်ဆင်ပြီးလျှင်ရေချိုးခန်းအပြင်သို့ပြန်ထွက်ခဲ့ပြီး ဝိုင်ခွက်ထဲ ဝိုင်တစ်ဝက်ခန့်ဖြည့်၍...

"ဒီတိုင်းရိုးရိုးတန်းတန်း ငါ့ကိုသတိရလို့ပြန်လာတာမလား...မင်းအဖေတွေနဲ့ပတ်သက်ဖို့ပြန်လာတာတော့မဟုတ်ဘူးမလား..."

ဒီယေဂိုကိုရှောင်းကျန့်စူးစူးဝါးဝါးကြည့်ကာပြောပြီး ဝိုင်ခွက်ကိုကိုင်လျက် အခန်းပြင်သို့ထွက်ကာသူ့အိပ်ခန်းနှင့်ဆန့်ကျင်ဘက်ဖြစ်သော အခန်းတစ်ခုဆီသို့ဦးတည်လျှောက်သွားသည်။အခန်းတံခါးကိုခေါက်လိုက်ပြီးမကြာခင်မှာပင် တံခါးလာဖွင့်သည့်အခါ ရေချိုးခါနီးပုံဖြစ်နေသော ဝမ်ရိပေါ်ကိုကြည့်နေမိ၍...

Ineluctable Where stories live. Discover now