Episode 1

15K 489 34
                                    

''မင်းရဲ့ ခါးမတည့်သရွေ့အဲ့ကုတင်ပေါ်ငါတက်မှာမဟုတ်ဘူး Nora''

ခပ်လှမ်းလှမ်းမှ Sofa ဆက်တီပေါ်ထိုင်၍ လှမ်းပြောလိုက်သည့်အခါ Nora ဟာ စိုးရိမ်ပူပန်ဟန်နှင့်ကြည့်လာသည်။ ထို့နောက် လက်ထဲက Cigarette ကိုခပ်ပြင်းပြင်းဖွာရှိုက်လိုက်ပြီးထိုင်ရာမှထလိုက်၏။ကုန်းကွကွဖြစ်နေသည့်Noraဆီသို့ဖြည်းဖြည်းချင်းလျှောက်သွားလိုက်ပြီးနောက်အခြေအနေကိုလက်ပိုက်ကာအကဲခတ်နေလိုက်သည်။

''ပထမဆုံးအကြိမ်လဲမဟုတ် ဘာတွေခက်ခဲနေတာလဲ''

''ကျွန်တော်တောင်းပန်ပါတယ် ဒေး အဆင်ပြေအောင်တခြား position...''

''ကျစ်! တစ်စက်မှဆွဲဆောင်မှုရှိမနေဘူးမြန်မြန်အဝတ်စားဝတ်ပြီးလစ်လိုက်တော့ စားပွဲပေါ်မှာပိုက်ဆံရှိတယ်ကြိုက်သလောက်သာယူသွား''

Nora ဟာအလျင်အမြန်ပင်ကုတင်ပေါ်ကထကာ သူ့အဝတ်စားတွေကောက်ယူ၍ထွက်သွားသည်မလို့ ဆံပင်ထဲလက်ချောင်းများထိုးထည့်ကာ စုတ်သပ်မိသည်။ မှန်တံခါးအကြီးကြီးရှေ့ဆီဆက်လျှောက်သွားကာ တမြို့လုံးရဲ့မီးရောင်ပျပျကိုကြည့်နေရင်း လက်ထဲက မီးစွဲနေသည့် Cigarette ကိုထပ်၍ဖွာရှိုက်၏။ ထို့နောက် Bathrobe အိတ်ကပ်ထဲတွင်ထည့်ထားသည့်ဖုန်းကိုထုတ်လိုက်ပြီးနောက် သူငယ်ချင်းဖြစ်သူ ဆီသို့ ဖုန်းခေါ်လိုက်သည်။

''တိမ်ပေါ်လွင့်နေပြီလားသားကြီး''

''စောက်ဆံယူဖို့ပဲလွှတ်လိုက်တာလား ဟမ်''

''Noraလေကွာ နာမည်ကြီးလေ''

''စိတ်ကြွအောင်တောင်မလုပ်နိုင်တဲ့ကောင်ကဘယ်လိုမျိုးနာမည်ကြီးလဲ စိတ်ရှုပ်စရာ နောက်တစ်ခါစောက်ပေါက်ကရတွေလွှတ်ရင်မင်းပါသတ်ပစ်မယ်''

''ဟာ..ဟာဟေ့ကောင်နေဦးငါအခုတစ်ယောက်ရှာပေးမယ်''

''တော်လိုက်တော့''

ဒေး ဖုန်းကိုစိတ်ပျက်စွာနှင့်ချလိုက်သည်။ သေချာပေါက်ဒီညလဲသူအိပ်မပျော်နိုင်တော့ နေ့တိုင်း ဒီလိုဖြစ်နေသည်ကို ဘယ်လိုဖြေဖျောက်နိုင်မလဲဆိုတာလည်းစဉ်းစားမရနိုင်။ရှုပ်ထွေးသောစိတ်အစဉ်ဟာ မှုတ်ထုတ်လိုက်တဲ့စီးကရက်ငွေ့တွေထဲပါဝင်သွားရင်အတော်လေးကောင်းလွန်းမည်။အခုတော့...။

Day (ဒေး)Where stories live. Discover now